Latest In

Friday

ကိုယ်ချင်းစာစိတ်

လောကကြီးမှာ ဘယ်သူမဆို ချမ်းသာချင်ကြတာပဲ။
သူများဆင်းရဲ ဒုက္ခရောက်မှ ကိုယ်ချမ်းသာရတာမျိုးတော့ မဖြစ်စေနဲ့။ မလုပ်အပ်ဘူး။ သူများဆင်းရဲအောင် မလုပ်ကြနဲ့။
အနစ်နာခံစရာ ရှိရင် ကိုယ်သာခံ။ ဒါလူ့သီလပဲ။
အရှင်ဇနကာဘိဝံသ. . . ။

သတ္တ၀ါဆိုတာ ဘ၀ကို စတင်ဖြစ်တည်လာရာမှာ
ဘ၀နိကန္တိတ လောဘဇော ဆိုတဲ့ အလိုဆန္ဒနဲ့ စခဲ့ကြတာဖြစ်လို့
ပထမဆုံးတော့ ကိုယ့်အလို ဆန္ဒတွေ ပြည့်ချင်တယ်။
လိုတာတွေ ရဖို့ အလိုကျတာတွေ ဖြစ်လာဖို့ တောင့်တကြတယ်။
ဆန္ဒမပြည့်တာတွေ၊ အလိုကျတာတွေ မဖြစ်လာဘူးဆိုရင် အလိုမကျတဲ့ ဒေါသဆိုတာ ဖြစ်လာကြတယ်။
အဲဒီမှာ ကိုယ့်အလိုကျ မဖြစ်တာဟာ တစ်စုံတယောက်က ဖြစ်စေ၊ တစ်စုံတစ်ရာကဖြစ်စေ
အနှောင့်အယှက် အဟန့်အတားဖြစ် တယ်လို့ ယူဆရင်
အဲဒီတစ်စုံ တစ်ယောက်ကို နာကျင်အောင်၊ သေကျေအောင်၊ ရိုက်ပုတ် သတ်ဖြတ်ချင်တဲ့
စိတ်ဆိုး စိတ်ရိုင်း အကြံအစည်တွေ ဖြစ်ပေါ်လာပါတယ်။

ကိုယ့်အလို ဆန္ဒကို နှောက်ယှက်ရင်၊ ကိုယ့်အလိုဆန္ဒနဲ့ ဆန့်ကျင်ရင် ရန်သူလို့ သတ်မှတ်ပြီး
ခွန်အားတို့၊ လက်နက်တို့နဲ့ အနိုင်ယူပစ်မယ်ဆိုတဲ့ စိတ်ထားဟာ အနိမ့်ဆုံးဖြစ်တဲ့ တိရစ္ဆာန်များမှာလည်း ရှိတာပါပဲ။
အစွယ်ရှိတဲ့ သတ္တ၀ါက အစွယ်အားကိုး၊ ဦးချိုရှိတဲ့ သတ္တ၀ါက ဦးချိုအားကိုနဲ့ ပြဿနာကို ဖြေရှင်းကြတာ မျိုးပေါ့။

ဒီလိုကာယခွန်အားနဲ့ ပြဿနာကို ဖြေရှင်းကြတာဟာ တစ်ခဏလောက် ကျေနပ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်
ရေရှည် ဘေရန်ကင်းကြောင်း မဖြစ်ဘူး။
ဒေါသ ကိလေသာတွေ များသည်ထက်များပြီး ရန်ငြိုးအာဃာတတွေ တိုးစေတယ်။
သံသရာခရီး တစ်လျှောက်မှာလည်း ဒုက္ခတွင်းနက်ပြီး သံသရာ ခရီးရှည်စေတယ်။
ဒါကြောင့် အက္ကောဓေန ဇိနေကောဓံ=အမျက်ဒေါသ ရန်ငြိုး အာဃာတကင်း တဲ့ မေတ္တာစိတ်နဲ့
အမျက်ဒေါသ ရန်ငြိုးအာဃာတကြီးသူကို အောင်နိုင်ရမယ် လို့ ဘုရားရှင်က ဟောတော်မူခဲ့တာပါ။

ဘုရားရှင်ရဲ့ တပည့်သားများ အနေနဲ့ ဘုရားရှင်ဟောညွှန် ဆုံးမတော်မူတဲ့ အတိုင်းပဲ
နိုင်ထက်စီးနင်း ပြုမူလိုတဲ့ အကြံအစည်တွေကို သည်းခံခွင့်လွှတ်စိတ်၊
ကိုယ်ချင်းစာစိတ်များနဲ့ အစားထိုး မွေးမြူလိုက်ပါ။

"ကိုယ်နှင့်လည်းစာ၊ သတ္တ၀ါကို၊ ကြင်နာလှစေ၊ သူ့အသက်ကို ချစ်ပါလေ" ဆိုတဲ့
အရှင်မဟာရဋ္ဌသာရရဲ့ ဆုံးမစကား အတိုင်းပါပဲ။
ကိုယ်ချင်းစာ တယ်ဆိုရာမှာလည်း သူ့နေရာကို ကိုယ်က အစားထိုးပြီး ၀င်ရောက်ခံစားတဲ့ သဘောပါပဲ။
ငါသာ သူ့နေရာမှာ ဆိုရင် ဘယ်လိုများ ခံစားရပါ့မလဲ ဆိုတဲ့
ကိုယ်ချင်းစာစိတ်လေးတွေ ရှိအောင် ကြိုးစားကြစေချင်တာပါ။
ကိုယ်ချင်းစာမှ တရားမျှမယ်၊ တရားမျှမှ တရားရှိမယ် ဆိုတာ မမေ့သင့်ပါဘူး။

ကိုယ်ချင်းစာ စိတ်ကောင်းကလေး တကယ်တမ်း မွေးမြူနိုင်လာပြီဆိုရင်
လောကမှာ ကိုယ်တိုင်ကြုံတွေ့ ခံစားရဖူးတဲ့ နားမချမ်းသာစရာ စကားမျိုးတွေ၊
ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်စရာ အပြုအမူမျိုးတွေနဲ့
ကိုယ်က သူများအပေါ် ဘယ်တော့ မှ မပြောဆို မပြုမူမိတော့မှာ သေချာပါတယ်။
အဲဒီလို ရှောင်ကြဉ်ကျင့်သုံး နေထိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ မတရားမှု ကင်းသူ ဖြစ်ပါတယ်။

သဗ္ဗပါပဿ အကရဏံ = မကောင်းမှု (မတရားမှု) ကို လုံးဝမပြုရဆိုတဲ့
ဘုရားရှင်တို့ရဲ့ အခြေခံ နံပါတ်တစ် အဆုံးအမနဲ့အညီ နေထိုင်နိုင်ခြင်းဖြစ်လို့
သိက္ခာသုံးပါးနဲ့ ပြောမယ်ဆိုရင် အခြေခံ သီလသိက္ခာ လုံခြုံ ပြည့်စုံ တယ်လို့ ဆိုရမှာပါ။

လောကမှာ တရားမျှတတယ်ဆိုတာကို ကောင်းစွာ သဘောမပေါက်ကြပေမယ့်
မတရားဘူး၊ မမျှတဘူး ဆိုတာကိုတော့ လူတိုင်းလိုလို ကိုယ်တွေ့ကြုံဆုံ ခံစားသိကြဖူးမှာပါ။
တစ်ယောက်ယောက်က မိမိအပေါ် ကျိုးမဲ့ပြစ်ရဖြစ်အောင်၊ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲဖြစ်အောင်
ဆဲရေးတိုင်းထွာ ပြောဆိုတာကို ကြားရတဲ့အခါ၊ အလိမ်အညာခံရတဲ့ အခါ၊
ချောပစ်ကုန်းတိုက်စကား ပြောဆိုခံရတဲ့ အခါမျိုးတွေမှာ
ဒါဟာ သပ်သပ် မတရားပြောတာပဲ၊ မမျှမတ မမှန်မကန် ပြောတာပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြမှာပါ။
ဒီလို ပြောဆိုခံရတာကို ကိုယ်တိုင်က မတရားဘူးလို့ ခံယူထားတဲ့ အပြောအဆိုမျိုးတွေ၊
ကိုယ်က သူများအပေါ် မပြောမဆိုမိအောင် ရှောင်ကြဉ် ကျင့်သုံးနေထိုင်တာကို
မတရားမှုကင်း အောင် နေထိုင်တယ်လို့ ဆိုရတာပါပဲ။

အချင်းချင်းပြောဆိုပြုမူ ဆက်ဆံကြတဲ့အခါ ဒီလို အပြုအမူမျိုးနဲ့ တွေ့ကြုံရတာ ကိုယ်ရောစိတ်ပါ ချမ်းသာလိုက်လေ။
ဒါဟာ ကောင်းမွန်မှန်ကန်တဲ့ အပြောအဆို အပြုအမူမျိုးပဲ ဆိုပြီး ကိုယ်တိုင် ခံစားဖူးကြပါလိမ့်မယ်။
အဲဒီလို ကိုယ်တိုင်က တရားမျှတတယ်လို့ ခံစားရပြီး ကိုယ်တိုင်လိုလား တောင့်တတဲ့
အပြောအဆို၊ အပြုအမူတွေနဲ့ သူတစ်ပါးအပေါ် ပြောဆိုပြုမူ မယ် ဆိုတဲ့ စိတ်ကောင်းလေးတွေ မွေးမြူကြပါ။
တောရဆရာတော်ကြီး ကတော့ ကိုယ်မလိုချင်တာ သူများကို လုံးဝ မပေးပါနှင့်။
ကိုယ်လိုချင်တာ သူများကို အကုန်ပေးပါ။
ကိုယ်ပေးထားတဲ့ အတိုင်း ကိုယ်ပြန်ရလိမ့်မယ် လို့ မိန့်ကြားတော် မူပါတယ်။
ကိုယ်တိုင် မကြိုက် မနှစ်သက်တဲ့ အပြောအဆို အပြုအမူတွေကို သူတပါးကို လုံးဝ မပေးဖို့၊
ကိုယ်တိုင် ကြိုက်နှစ်သက်တဲ့ အတိုင်း သူတပါးကိုလည်း ပေးဝေဖို့၊
ကိုယ်ပေးတဲ့ အတိုင်းပဲ ကိုယ်တိုင်ပြန်လည် ခံစားကြရလိမ့်မယ် ဆိုတဲ့ သဘောပါပဲ။

ဗုဒ္ဓမြတ်စွာ အလိုတော်အရ သတ္တ၀ါတိုင်းမှာ တူညီတဲ့ အခြေခံ အခွင့်အရေး နှစ်ခုစီ ရှိကြပါတယ်။
ပြုလုပ်ပိုင်ခွင့်နဲ့ ခံစားခွင့် (ကံနဲ့ကံ၏ အကျိုး) ဖြစ်ပါတယ်။
ပြုလုပ်ပိုင်ခွင့်ကို ဆိုးဆိုးဝါးဝါး အသုံးချသူဟာ ခံစားခွင့်ကိုလည်း ဆိုးဆိုးဝါးဝါး ခံယူရမယ်။
ဒါဟာ ကမ္မသကတ လမ်းစဉ်မှန်ပဲဖြစ်ပါတယ်။
ဒါ့ကြောင့် သူတပါးရဲ့ အပြစ်ကိုသာ မကြည့်ပဲ ကောင်းကွက်လေးတွေ ရှာပြီး
ကိုယ်ချင်းစာစိတ်လေးတွေနဲ့သာ နေထိုင်ကြမယ်ဆိုရင် လောကကြီးလည်း အေးချမ်းရသလို
ကိုယ်ရဲ့ သံသရာခရီး အတွက်လည်း ချမ်းသာရမှာပါ။
ဒါ့ထက်ပိုလို့ ဘယ်နေရာ ကြည့်ကြည့် မေတ္တာမျက်ဝန်းလေးတွေနဲ့သာ ကြည့်တတ်ကြပြီး
မေတ္တာပုံရိပ်ကို မြင်နိုင်တဲ့ သူတွေ ဖြစ်ကြရင် ကမ္ဘာလောကကြီး ဘယ်လောက်များ သာယာလိုက်မလဲလေ။

ကိုယ်ချင်းစာ ကြင်နာတတ်တဲ့ သူတွေ ဖြစ်ကြပါစေ…

အရှင်ဇနကာဘိဝံသ

Sunday

“လူမိုက်လက္ခဏာ..( ၄ )ပါး..”



၁။ နည်းမှားတွေလုပ်တယ်..။

၂။ သူတစ်ပါးကိုလည်း..အဲဒီအမှားတွေကိုလုပ်ခိုင်းတယ်..။

၃။ အဲဒီအမှားကြီးကိုလည်း..သိပ်တန်ဘိုးထားတယ်..။


၎။ မှားနေပြီလို့ပြောရင်..ပြောတဲ့သူကို..ရန်ရှာတယ်..။

( သီတဂူဆရာတော်ကြီး..)

Friday

ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ

Soup for Soul (motivational essays)

ဥာဏ်ကောင်းကိုကောင်းစေရပါမယ်လို့တော့မဟုတ်ပါဘူ။
သေချာတာကတော့ ဦးနှောက်ကို ဖွံ့ဖြိုးတိုးတက်စေမယ့် နည်းလမ်းများ ဖြစ်ပါတယ်။

1. Go for a walk with a friend
လုပ်ငန်းခွင်ရယ်လို့မဟုတ်ပါဘူး။
သင်တန်း၊ကျောင်း တက်သူများအနေနဲ့လည်း ရုံးတက်၊ ကျောင်းတက်ချိန်မိတ်ဆွေ သူငယ်ချင်းနဲ့သွားရပါမယ်။
အဲဒီလိုသွားခြင်းက လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်း၊ စိတ်ပိုင်းဆိုင်ရာ တက်ကြွရေး တို့မှာ
တိုးတက်စေမှာ ပြီး ဦးနှောက်ကို သန်မာစေပါတယ်။

2. Solve Puzzles, Play Games
ဥာဏ်စမ်းဂိမ်းများ၊ ပဟေဌိဂိမ်းများ ဆော့ကစားပေး ရပါမယ်။
ဖြေရှင်းရ ခက်သော ဆူဒိုခု၊ စာလုံးစီ တို့ကို ဆော့ကစား ပေးခြင်း၊
အလွယ်တ ကူ ဆော့ရသော ဖုန်းထဲမှ ဂိမ်း၊ ကွန်ပျူတာဂိမ်း၊
ကစားကွင်း ဂိမ်း အစရှိသဖြင့်တို့ကို မိနစ်ပိုင်း ဆော့ကစားပေးခြင်းတို့ ပြုလုပ်ပေးရပါမယ်။
ယင်းကဲ့သို့ ဆော့ကစားခြင်းက ဦးနှောက်သွေးဆဲလ်တွေကို တက်ကြွစေပြီး
တစ်စုံတစ်ခုအပေါ် အာရုံစူးစိုက်နိုင်မှု အားကို ကောင်းစေပါတယ်။

3. Meditate
တရားထိုင်ခြင်းက လွယ်ကူသော အလုပ်ဖြစ်ပါတယ်။ အချို့ က ခက်ခဲသော အလုပ်လို့ ယူဆပါတယ်။
မထိုင်နိုင်လည်း ထိုင်နိုင် သလောက် မိနစ်ပိုင်း တရားထိုင်ပေးခြင်းလည်း ပြုလုပ်နိုင်ပါတယ်။

တရားထိုင်တဲ့ အလေ့အကျင့်ကို နေ့စဉ်မဟုတ်တောင် ၂ ရက်တစ်ခါလောက် ပြု လုပ်ပေးခြင်းဖြင့်
မှတ်ဥာဏ်ကောင်းစေပါတယ်။

4. Eat healthy
မိမိစားသမျှ အစားအသောက်အားလုံးမှ အာဟာရနှင့် အောက်စီဂျင်များရဲ့ 
၂၀ ရာခိုင်နှုန်းကို ဦးနှောက်က အသုံးပြုပါတယ်။
ဒါကြောင့် မိမိစားသောက် တဲ့အစားအစာများကို ဦးနှောက်အတွက် အရေးပါတယ် ဆိုတာ သိထားရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်များ စားသောက်ပေးခြင်းဖြင့်
ဦးနှောက်ကို ကျန်းမာဖွံ့ ဖြိုးစေမှာ ဖြစ်ပါတယ်။

5. Think positive
အရာအားလုံးကို အကောင်းမြင်ပေးဖို့ လိုအပ်ပါတယ်။
စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများက ဦးနှောက်ထဲက Neuron တွေ ကို သေဆုံးစေ ပါတယ်။
ဒါကြောင့် ဘယ်လောက်ပဲ အခက်အခဲ၊ ပြဿနာများနဲ့ ကြုံကြုံ
အကောင်းဘက်က မြင်ပေးတဲ့ စိတ်ထားနိုင်အောင် ကြိုးစားရပါမယ်။
ယင်းကဲ့သို့ အကောင်းဘက်က မြင်ပေး၊ စာနာပေးတတ်ခြင်းက ဦးနှောက်က ဆဲလ် အသစ်တွေ ပိုမို တိုးတက်စေပြီး
စိတ်ဖိအားနဲ့ စိုးရိမ်ကြောင့်ကြမှုများကို ဖယ်ရှားပေးပါတယ်။

6. Laugh It Up
ရယ်မောတတ်တဲ့ အကျင့်ရှိဖို့လည်း လိုအပ်ပါတယ်။
ရယ်သော သူသည် အသက်ရှည်၏ ဆိုတဲ့အတိုင်း
ရယ်မောခြင်းက ရုပ်ပိုင်း၊ စိတ်ပိုင်းနာကျင်မှု များကို လျော့ချပေးပါတယ်။
ပျော်ပျော်ရွှင်ရွှင်နေတတ်သူ၊ ရယ်မောလွယ်တတ်သူများဟာ သဘာဝ အလျောက် စိတ်ဖိအား နည်းသူများ ဖြစ်ပါတယ်။
ဒါကြောင့် ဟာသရုပ်ရှင်များကြည့်ခြင်း၊ ဟာသနောက်ပြောင်ပြောဆိုခြင်း တို့က
ဦးနှောက်ထဲက endorphin –level ကိုမြင့်တက်စေပါတယ်။

7. Listen To Music
သီချင်းနားထောင်ခြင်းကလည်း စိတ်ပိုင်းဆိုင်ရာ၊ ဥာဏ်ရည်ဥာဏ်သွေး ကို မြင့်တက်စေပါတယ်။
အတွေးအခေါ် သစ်တွေရနိုင်ပြီး ထူးခြားတဲ့ စိတ်ကူးဆန်းတွေ ဖြစ်ပေါ်စေပါတယ်။
ဒါကြောင့် သီချင်းနားထောင်ခြင်းက ဦးနှောက်ရဲ့  ညာဘက်အခြမ်းကို သန်မာစေတယ်လို့ ဆိုပါတယ်။

8. Do Self-Hypnosis
Hypnosis ဆိုတာ စိတ်ညို့ခြင်းကိုဆိုလိုပါတယ်။
ဒီတော့ Self-Hypnosis က မိမိကိုယ်ကိုယ် စိတ်ညို့ ခြင်းလို့ ဘာသာပြန်နိုင်ပါတယ်။
သို့သော် မိမိကိုယ်ကိုယ် စိတ်ညို့ခြင်း၊ အိပ်ငွေ့ချခြင်း ထူထူထွေးထွေးမဟုတ်ပါ။
ဥပမာ- လကုန် ရက် တစ်ရက်ရက်မှာ လုပ်စရာတစ်ခုရှိသည်ဆိုပါစို့။
ယင်းနေ့ကို အမှတ်ရနေပြီး တကယ်ပဲ ယင်းနေ့မှာ မမေ့မလျော့ လုပ်ဆောင်နိုင်တာမျိုး၊
မနက်အိပ်ယာ ၆နာရီထဖို့ စီစဉ်ထားရင် တကယ်ပဲ ၆ နာရီတိတိမှာ နှိုးဆက်မပါပဲ
ကိုယ်တိုင် ထနိုင်အောင် ကြိုးစားတာမျိုးကို ဆိုလိုပါတယ်။

မမေ့မလျော့ပဲ အိပ်ဆက်နိုင်ခြင်းမျိုး ဖြစ်ပါတယ်။
အနာဂတ်မှာ ပြုလုပ်ရန် စီစဉ်ထားတဲ့ လုပ်ငန်းများကို တကယ်ပဲ မပြတ်မကွက်အောင် ပြုလုပ်နိုင်ပြီး
အခြား သာမန် လုပ်ငန်းများအပေါ်လည်း ဆိုးကျိုးမသက်ရောက်စေတာမျိုး ဖြစ်ပါတယ်။
ဦးနှောက်ကို ဒီလို မှတ်သားခိုင်းစေနိုင်မှုက စိတ်ဖိအားလျော့ချနိုင်ပြီး
အတွေးအခေါ်များကို ပိုမို ရှင်းလင်းပြတ်သားစေပါတယ်။

9. Set Goals
ရည်မှန်းချက်ထားရပါမယ်။
ခြောက်လအတွင်းဖြစ်လာမယ့် ရည်မှန်းချက်၊ တစ်နှစ်အတွင်း ဖြစ်လာမယ့် ရည်မှန်းချက် အစရှိသဖြင့်
ပန်းတိုင်တစ်ခုခု ထားပြီး ကြိုးစားလုပ်ကိုင်တတ်ရပါမယ်။
ဘဝရည်ရွယ်ချက်မဲ့ လုပ်ကိုင်နေခြင်းက ဦးနှောက်ရဲ့  တွေးခေါ်စဉ်းစားနိုင်မှု စွမ်းအား လျော့ချစေပါတယ်။
ရည်မှန်းချက် ပန်းတိုင် ထားတတ်သူများက ဦးနှောက်ဥာဏ် ရည် အမြဲ ဖွံ့ဖြိုးနေပြီး
ဘဝမှာ အောင်မြင်မှုကို အတိုင်းအတာ တစ်ခုအတွင်း ရတတ်ကြပါတယ်။

10. Follow a Sleep and Wake up Routine
စောစောအိပ်၊ စောစောထ ဆိုတာထက် အချိန်မှန် အိပ်၊ အချိန်မှန် ထလို့ ပြောရင် ပိုမှန်ပါတယ်။
ညဘက် သန်းခေါင်ကျော်အောင် မအိပ်ပဲ နေပြီး မနက် အိပ်ယာထနောက်ကျသူများဟာ ဦးနှောက်လေးလံ ထိုင်းမှိုင်းပါတယ်။
ဒီမှာ အိပ်ဆေး အသုံးပြုပါက အိပ်ရေးဝပေမယ့် မှတ်ဥာဏ်ချို့ ယွင်းမှုကို ဖြစ်ပေါ်စေပါတယ်။
ညအိပ်နောက်ကျပြီး အိပ်ယာစောစောထရတာကလည်း စိတ်ပိုင်းရော၊ ရုပ်ပိုင်းရော ထိခိုက်စေပါ တယ်။
စောစော အိပ်ပေမယ့်၊ နောက်ကျမှ ထတာမျိုးကလည်း ဦးနှောက်ရဲ့ လုပ်ဆောင်ချက်ကို နှေးကွေးစေပါတယ်။
ဒီတော့ ပုံမှန်ချိန်အိပ်ပြီး ပုံမှန်ချထားခြင်း က အိပ်ရေးဝဝ အိပ်စေပြီး စိတ်ရော၊ကိုယ်ရော ကျန်းမာစေပါတယ်။
ဦးနှောက်ကို လန်းဆန်းစေပါတယ်။

အထက်ပါအချက်များအတိုင်း ကျင့်သုံးသွားရင် ဥာဏ်ကောင်းမလာ ရင်တောင်
လူမှုပတ်ဝန်းကျင်မှာ အမြဲ စမတ်ကျနေတဲ့ လူတစ်ယောက် ဖြစ်စေပါတယ်။
သာမန် နေထိုင်တတ်သူများနဲ့စာရင် အထက်ပါ ၁၀ချက်အတိုင်း လုပ်ဆောင်သွားသူများက
ဥာဏ်ရည် ဖွံ့ဖြိုးမှု မြန်ဆန်ပြီး ဘဝအခက်အခဲများကြား အောင်မြင်မှု ရရှိရန် အခွင့် အလမ်းပိုများကြောင်း သုတေသန ဝဘ်ဆိုဒ် တစ်ခုက ဖော်ပြထားပါတယ်။

Sunday

အပူဒဏ်အန္တရာယ်ကာကွယ်ရေးနှိုးဆော်ချက်

ယခုအခါ နွေရာသီရောက်လာပြီဖြစ်သဖြင့် ရာသီဥတုပူပြင်းလာပြီ ဖြစ်ပါသည်။ ထိုအပူဒဏ်ကြောင့် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနှင့်ဓာတ်ဆားများ ဆုံးရှုံးမှုများပြားသည်။ ထိုသို့ ဆုံးရှုံးမှုကြောင့် မိတ်နှင့် ယားဖုများထွက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ မူးမော်ခြင်း၊ ကြွက်တက်ခြင်း၊ ချွေးခြောက်ပြီး ကိုယ်အပူချိန်တက်ခြင်း၊သတိလစ်ခြင်းတို့အပြင် အသက် အန္တရာယ်စိုးရိမ်ရသော အခြေအနေအထိ ဖြစ်တတ်သည်။
လိုက်နာဆောင်ရွက်ရန်
သို့ဖြစ်၍ အပူဒဏ်ကြောင့် မလိုလားအပ်သော အကျိုးဆက်များ မဖြစ်ပေါ် စေရန် အောက်ပါအချက်အလက်များကို လိုက်နာကြရန် နှိုးဆော်အပ်ပါသည်။
(၁) နံနက် ၁ဝ နာရီမှ ညနေ ၅ နာရီအတွင်း လွင်တီးခေါင်ပြင်၊ မြစ် ကမ်းနား၊ ရေဆိပ်စသည်တို့တွင် ရေချိုးခြင်းမှ ရှောင်ကြဉ်၍ အရိပ်ရ အေးမြသောနေရာများတွင် နေပါ။
(၂) နေပူထဲမှ ပြန်လာပြီး ချက်ချင်းရေချိုးခြင်းမှ ရှောင်ကြဉ်ပါ။
(၃) နေပူထဲတွင် ပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှုများ မပြုလုပ်သင့်ပါ။
(၄) အရက်သောက်ခြင်းသည် အပူဒဏ်အန္တရာယ်ကို ဖြစ်ပေါ်လွယ်စေ ခြင်းနှင့် ဖြစ်ပွားပါက ပြင်းထန်စွာ ခံစားရခြင်းကြောင့် ရှောင်ကြဉ် သင့်ပါသည်။
(၅) နေ့ခင်းဘက် အပြင်ထွက်သည့်အခါတိုင်း အရိပ်လုံလောက်စွာ ရရှိနိုင်သည့် ထီး၊ ဦးထုပ်များ ဆောင်းပါ။
(၆) အလင်းရောင်ပြန်သော အဖြူရောင် သို့မဟုတ် အရောင်ဖျော့ဖျော့ အဝတ်အထည်များကို ဝတ်ဆင်ပါ။
(၇) ပွပွချောင်ချောင် ချည်ထည်များကို ဝတ်ဆင်ပါ။
(၈) ချွေးထွက်လွန်ပါက ကိုယ်တွင်းရှိ ရေနှင့်ဓာတ်ဆားဆုံးရှုံးမှုကို ပြန်လည်ဖြည့်တင်းနိုင်ရန် ဓာတ်ဆားရည်သောက်ပါ။
(၉) ကိုယ်အပူချိန်တက်ပါက ရေအေးဖတ် နိုင်နိုင်တိုက်ပါ။
(၁ဝ) ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါအခံရှိသူများ၊ ကလေး သူငယ်များနှင့် သက်ကြီးရွယ်အိုများအနေဖြင့် နေ့လယ်နေ့ခင်းတွင် အရိပ်ရ၍ လေဝင်လေထွက်ကောင်းသော နေရာမျိုး၌ နားနေပါ။
(၁၁) မိတ်ဖု၊ ယားနာများထွက်ပါက ရေအေးဝတ်ကပ်ခြင်း၊ သနပ်ခါး လိမ်းခြင်းတို့ကို ပြုလုပ်ပါ။
(၁၂) အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်ခြင်း၊ ကိုယ်အပူချိန်တက်ခြင်း၊ သတိ လစ်ခြင်းနှင့် အတက်ရောဂါဖြစ်လျှင် ဆေးရုံအရောက်နောက်ကျပါက အသက်ဆုံးရှုံးနိုင်သဖြင့် ဆေးရုံသို့ အမြန်ဆုံးပြသကြရန် နှိုးဆော် အပ်ပါသည်။


ကျန်းမာရေးဝန်ကြီးဌာန

Saturday

သူငယ်ချင်း (၈)မျိုး ( သင်ကကော ဘယ်လိုသူငယ်ချင်းမျိုးလဲ)

(၁) ဆရာနဲ့တူတဲ့ သူငယ်ချင်း
-----------------------------
သူတို့က သင့်ကောင်းကွက်တွေ
သင်ကိုယ်တိုင် သိမြင်နိုင်ဖို့ သင့်ကိုအမြဲ ကူညီအားပေးတယ်။
ဒီလို သူငယ်ချင်းမျိုးကို ဆရာအမျိုးအစားလို့ခေါ်တယ်။
သူတို့က သင့်ရဲ့ဆရာဖြစ်ချင်မှဖြစ်မယ်။
ဒါပေမဲ့ သူတို့မှာ အခြားဗဟုသုတ၊ အတွေ့အကြုံတွေနဲ့ ပြည့်စုံတယ်။
သင့်ရဲ့အလုပ်အကိုင်၊ မိသားစု၊ လူလူချင်း ပေါင်းသင်းဆက်ဆံရေးတွေမှာ
သူတို့က သင့်ကို အကြံဉာဏ်တွေပေးနိုင်တယ်။
လူ့ဘဝမှာ ဒီလိုသူငယ်ချင်းမျိုးက သင့်စိတ်ကို ထောက်ကူပေးတဲ့သူဖြစ်တယ်။
သူတို့ဟာ သင့်အနားမှာ အမြဲရှိနေပြီး သင်အတုယူထိုက်သူလည်းဖြစ်တယ်။


(၂) ဖေးမကူညီတဲ့သူငယ်ချင်း
------------------------------
သင့်ကို ဆုံးမလမ်းညွှန်ပြီး
လူတွေရှေ့မှာ သင့်ကိုချီးမွမ်းစကားပြောတဲ့ သူငယ်ချင်း...
ဒီလိုသူငယ်ချင်းမျိုးက "နင့် ငါ့ကိုကူ၊ ငါ နင့်ကိုကူ"ဆိုတဲ့
အချင်းချင်းကူညီအားပေးတဲ့သူဖြစ် တယ်။
ဘဝရှင်သန်ကြီးပြင်းရာ လမ်းတစ်လျှောက်မှာ
သူငယ်ချင်းရဲ့ ဖေးမကူညီမှု၊ ချီးကျူးမှုတွေက အဖိုးတန်လွန်းတယ်။
ဆင်းရဲဒုက္ခ၊ အခက်အခဲတွေနဲ့ သင်ရင်ဆိုင်ရချိန်
ဒီလိုသူငယ်ချင်းမျိုးက သင့်အခက်အခဲတွေကို ကူညီမျှဝေဖြေရှင်းပေးတယ်။
သင့်ရင်ထဲက ဖိအားကို လျော့ချပေးတယ်။
သူတို့ရဲ့ယုံကြည်မှုက သင့်အတွက် စိတ်ဓာတ်အားဆေးဖြစ်တယ်။


(၃) စိတ်တူကိုယ်တူတဲ့သူငယ်ချင်း
----------------------------------
သင်နဲ့ ဝါသနာတူသူက သင်နဲ့ပေါင်းဖက်ဖို့
အသင့်တော်ဆုံး သူငယ်ချင်းဖြစ်တယ်။
ဒီလိုသူငယ်ချင်းမျိုးနဲ့ အတူနေချိန်
သင့်စိတ်က သူတို့စိတ်နဲ့ အာရုံခံစားမှုချင်းတူတယ်။
ဒါကို "နားလည်မှု"လို့ခေါ်တယ်။
သင့်ပြောတဲ့စကား၊ သင့်တွေးတဲ့အတွေးတွေက
သူတို့အတွေးတွေနဲ့ ထပ်တူနီးနီးကျတယ်။
စိတ်ချင်းကူညီအားပေးတဲ့ ခံစားမှုမျိုးကိုရတယ်။
ဒီလိုသူငယ်ချင်းမျိုးက သင့်ကိုယ်သင်
အသိအမှတ်ပြုလာအောင် ကူညီပေးသလို
သင့်ဝါသနာ၊ သင့်ရည်မှန်းချက်၊ သင့်အကြိုက်တွေကို
သူတို့နဲ့အတူ မျှဝေခံစားနိုင်တယ်။
ဒီလို မျှဝေခံစားမှုမျိုးက သင့်စိတ်ကို လုံခြုံစေတယ်။
မိမိကိုယ့်ကို ယုံကြည်မှုရှိစေတယ်။
စိတ်ကူးကို အလွယ်တကူ အကောင်အထည်ပေါ်စေတယ်။
သင့်ဘဝကို ပျော်ပျော်ရွှင်ရွှင်နဲ့ ရှင်သန်ကြီးပြင်းစေပါတယ်။

(၄) တံတားခင်းပေးတဲ့ သူငယ်ချင်း
----------------------------------
ဒီလိုလူမျိုးက ကူညီတဲ့သူငယ်ချင်း အမျိုးအစားဖြစ်တယ်။
သင် အားရကျေနပ် ပျော်ရွှင်ချိန်မှာ သူတို့ရဲ့အရိပ်တွေက သင့်အနားမှာရှိမနေဘူး။
သင့် စိတ်ညစ်အားငယ် ကြေကွဲချိန်ကျမှ သင့်ရှေ့မှောက် ရောက်လာတတ်သူတွေဖြစ်တယ်။
သင်ယုံကြည်စိတ်ချရတဲ့ ကူညီမှုမျိုးကို သူတို့ပေးတယ်။
မျှော်လင့်ချက်နဲ့ အခွင့်အရေးကို သင်ပြန်မြင်ရဖို့ သူတို့စွမ်းဆောင်ပေးတယ်။
စိတ်ဓာတ်တွေ အရောင်တောက်အောင် သူတို့မပြတ်ကူညီပေးတတ်တယ်။


(၅) အားပေးဖော် သူငယ်ချင်း
-----------------------------
ဒီလိုလူမျိုးက သင့်ကိုပေါ့ပါးလန်းဆန်းစေတဲ့ သူငယ်ချင်းဖြစ်တယ်။
တချို့သူငယ်ချင်းတွေက သင့်ကိုခင်မင်ရင်းနှီးပြီးတာနဲ့
သင့်ကို တခြားစိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတယ်။
သင့်စိတ်တွေ မွန်းကြပ်တဲ့အခါ၊ စိတ်ညစ်တဲ့အခါ သူတို့က သင့်ရင်ဖွင့်သံကို ပထမဦးဆုံး နားထောင်ပေးသူတွေဖြစ်တယ်။
ဒီလို သူငယ်ချင်းမျိုးက သင့်အတွက် အကောင်းဆုံးနားထောင်သူဖြစ်တယ်။
သင့်စိတ်ကို ဖြေလျော့စေတယ်။
သူတို့နဲ့ပေါင်းသင်းရတာ သင့်ကို ဘာစိတ်ဖိအားမှ မရှိစေတဲ့အပြင်
သင့်ရင်ထဲက မွန်းကြပ်နေတဲ့အရာတွေကို ထွက်ပေါက်ပေးစေတယ်။
သင့်ရဲ့ တည်ငြိမ်အေးချမ်းတဲ့စိတ်ကို အသစ်တစ်ဖန် မွေးဖွားစေပါတယ်။


(၆) အသိအမြင်တိုးပွားစေတဲ့ သူငယ်ချင်း
-----------------------------------------
သင့်ကို ဆန်းသစ်တဲ့အမြင်၊ ဆန်းသစ်တဲ့အခွင့်အရေးတွေကို တွေ့မြင်စေတဲ့သူငယ်ချင်းဖြစ်တယ်။
ဒီလိုသူငယ်ချင်းမျိုးလည်း ဘဝမှာ မရှိလို့မဖြစ်ပါဘူး။
သူတို့ဟာ သင့်ရဲ့ "ကမ္ဘာ့စာကြည့်တိုက်"ဖြစ်တယ်။
ဒီလိုသူငယ်ချင်းမျိုးက သင့်အသိဉာဏ်၊ ဗဟုသုတ၊ ပေါင်းသင်းဆက်ဆံရေးကို ကျယ်ပြန့်စေတယ်။
သင့်ကို မတူတဲ့စိတ်ခံစားမှုမျိုးကို ခံစားစေတယ်။
သင့်ကို မြင့်မြင့်ရပ်၊ ဝေးဝေးလှမ်းကြည့်တတ်ဖို့ သင်ပေးသူတွေဖြစ်တယ်။


(၇) လမ်းပြသူ သူငယ်ချင်း
---------------------------
သင့်စိတ်ကူးအတွေးတွေကို သန့်ရှင်းကူညီပေးသူ၊ လမ်းပြအကြံပြုတဲ့ သူငယ်ချင်းမျိုးဖြစ်တယ်။
ဒီလိုသူငယ်ချင်းမျိုးက လမ်းပြမီး အမျိုးအစားဖြစ်တယ်။
လူတိုင်းမှာ လိုအပ်ချက်နဲ့ အကူအညီဆိုတာ လိုအပ်တယ်။
တချို့အခက်အခဲတွေကို သင့်ကိုယ်ပိုင်စွမ်းအားနဲ့ ဖြေရှင်းဖို့မလွယ်ကူတဲ့အခါ
ဒီလိုသူငယ်ချင်းမျိုးက သင့်ကို စိတ်ပါလက်ပါကူညီပြီး အသင့်တော်ဆုံး အကြံတွေကိုပေးတယ်။
သင့်စိတ်ရှုပ်ထွေးတဲ့အခါ၊ စိတ်ညစ်တဲ့အခါပဲဖြစ်ဖြစ် သူတို့ကို သင်ရင်ဖွင့်နိုင်တယ်။
သူတို့က ရှုပ်ထွေးနေတဲ့ သင့်စိတ်ကို ကူညီသန့်ရှင်းပေးပြီး ကြည်လင်တဲ့ဖက်ကို လမ်းညွှန်ပေးတယ်။


(၈) သင့်ကိုအဖော်ပြုတဲ့ သူငယ်ချင်း
------------------------------------
ကောင်းတဲ့သတင်းပဲဖြစ်ဖြစ်၊ ဆိုးတဲ့သတင်းပဲဖြစ်ဖြစ် သူတို့ကိုအရင် သင်ပြောပြတယ်။
သူတို့ဟာ သင်နဲ့ အမြဲအတူရှိနေတယ်။
ဒီလိုသူငယ်ချင်းမျိုးက ပင်လယ်ထက်ကျယ်တဲ့ ရင်ခွင်ရှိတယ်။
တောင်တန်းတွေလို မြင့်မားတဲ့ စိတ်သဘောထားရှိတယ်။
သူတို့ကို သင်ဘယ်အချိန်သွားရှာခဲ့ရှာခဲ့ သူတို့က သင့်ကိုနွေးနွေးထွေးထွေး ကြိုဆိုတယ်။
သူတို့က သင့်အတွက် စိတ်ပြည့်ဝ၊ တည်ငြိမ်စေတဲ့ သူငယ်ချင်းဖြစ်တယ်။
တစ်ခါတလေ ပြောစရာ စကားများများစားစား မရှိချင်နေ
သင့်အနားမှာ သူတို့ရှိတယ်ဆိုရင်ပဲ သင့်စိတ်ကို တည်ငြိမ်အေးချမ်းစေပါတယ်။

သူငယ်ချင်းတွေနဲ့ အမြဲမဆက်သွယ်တိုင်း၊ အမြဲမတွေ့ဆုံမိတိုင်း မေ့သွားပြီလို့ မဆိုနိုင်ပါဘူး။
သူငယ်ချင်းဆိုတာ ဟောင်းနွမ်းသွားလို့ရပေမယ့် ခင်မင်ရင်းနှီးမှုက ယုတ်လျော့သွားလို့ မရဘူး။
သင့်ဘဝတစ်သက်မှာ စိတ်တူကိုယ်တူ သူငယ်ချင်းကောင်း ဘယ်နှယောက်ရှိနိုင်မလဲ?
တကယ်လို့ အထက်က သူငယ်ချင်းမျိုးနဲ့ သင်ကြုံဆုံလာတဲ့အခါ သူတို့ကို တန်ဖိုးထားမြတ်နိုးလိုက်ပါ။

Friday

မိန်းကလေးများ ပျက်စီးခြင်း(၉) မျိုး


တချို့မိဘတွေက သူတို့သမီးပျိုလေးများကို
မပျက်စီးအောင် ဘယ်လိုဆုံးမပေးရမလဲ။

ဘယ်လိုပြုလုပ်သင့်ပါသလဲ လို့ မေးလာကြတဲ့
အတွက်မတ်ဗုဒ္ဓဟောကြားခဲ့တဲ့ မိန်းကလေး
များ ပျက်စီးခြင်း(၉)မျိုးကို ရေးသားပေးလိုက်
ပါတယ်။

ဒီအချက်တွေကို မိမိတို့သမီးများမပြု
လုပ်မိအောင် စောင့်ရှောက်ကာကွယ် သတိ
ထားမယ်၊ သမီးဖြစ်သူများကလည်းစောင့်

ပး
ထိန်းလိုက်နာမယ်ဆိုရငfတော့ ပျက်စီးခြင်းများ
ကနေလွတ်ကင်းပါလိမ့်မယ်။
၁။ပန်းခြံများသို့ အသွားများခြင်း။
၂။ဥယျာဉ်များသို့ အသွားများခြင်း။
၃။ရေဆိပ်သို့အသွားများခြင်း။
၎။ ဆွေမျိုးအိမ်သို့ အသွားများခြင်း။
၅။ မကောင်းတဲ့မိတ်ဆွေများထံသို့ အသွားများ
ခြင်း။
၆။ မှန်ကြည့်ခြင်း၊ အ၀တ်အစား၊ ပန့်နံ့သာ
ဆင်ခြင်ခြယ်သမှု များခြင်း။
၇ ။ မူးယစ်စေတတ်တဲ့ အရက်သေစာများ
သောက်စားခြင်း။
၈။ပြတင်းပေါက်အပြင်သို့ အကြည့်များခြင်း။
၉။အိမ်တံခါးဝကနေ မိမိခန္ဓာကိုယ်ကို အလှပြ
များခြင်း။
အထက်ပါ(၉)ချက်ထဲကတစ်ခုခုလွန်ကဲနေတဲ့
မိန်းကလေးဟာ ပျက်စီးခြင်း ဆိုက်ရောက်ရပါ
တယ်။ (ကုဏာလဇာတ်၊ ဇာတကပါဠိတော်၊
ဒုတိယအုပ်၊နှာ-၁၂၀၊)
ဒါတွေကတော့ မြတ်ဗုဒ္ဓခေတ်က နေရာဒေသနဲ့
အခြေအနေများဖြစ်ပါတယ်။ အဲဒီနေရာ ဒေသ
တွေနဲ့အခြေအနေများကို မျက်မှောက်ခေတ်နဲ့
အစားထိုးကြည့်ပြီး သွားသင့် မသွားသင့်၊ ပြုလုပ်
သင့် မပြုလုပ်သင့်ကိုနှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါ
တယ်။
တချို့က မိန်းကလေးများဘီယာသောက်ခြင်း၊
အရက်သောက်ခြင်းများဟာ မိန်းကလေးသိက္ခာ
မထိခိုက်ဘူး။မိန်းကလေးဣနြေ္ဒကျဆင်းမသွား
ဘူးလို့ ယူဆတတ်ကြပါတယ်။ အဲဒီလို ယူဆ
တဲ့မိန်းကလေးများဟာမိမိတို့မိန်းကလေးတန်ဖိုး
ကိုအလေးမထားသူများသာ ဖြစ်ပါတယ်။ အဲဒီ
လိုမိန်းကလေးများပြုလုပ်တာက အပြစ်မဟုတ်
ဘူးလို့ယူဆကြတဲ့ ယောက်ျားလေးများကလည်း
သူတို့ကိုယ်တိုင်ယောက်ျာလေးသိက္ခာမရှိသူများ
သာ ဖြစ်ပါလိမ့်မယ်။
အထက်ကဖော်ပြခဲ့တဲ့မိန်းကလေးများပျက်စီးခြင်း
(၉) မျိုးထဲမှာ အရက်သေစာ သောက်စားခြင်းဆို
တာ ပါနေတဲ့အတွက် ယနေ့ခေတ်မိန်းကလေးများ
အနေနဲ့ အထူးသတိထားဆင်ခြင်သင့်တယ်ဆိုတာ
မမေ့ပါနဲ့။ မိမိက မိန်းကလေးမို့ မိန်းကလေးပီသ
အောင် နေထိုင်ဖို့လိုပါတယ်။ ယောက်ျားလေးက
လည်းယောက်ျားလေးပီသအောင်၊ ရဟန်းသံဃာ
ဆိုရင်လည်း ရဟန်းသံဃာ ပီသအောင်၊ မိဘ
ဆရာသမား လူကြီးဆိုရင်လည်း သူ့အဆင့်နဲ့သူ
ပီသအောင်နေထိုင်မှသာ မိမိကိုယ်ကိုကိုယ်လည်း
ကြည်ညိုလေးစားမိပြီးအများကလည်းလေးစားတဲ့
သူ ဖြစ်နေမှာပါ။
အဲဒါမှသာလောကရှိသတ္တ၀ါများဟာ သူကိုလည်း
ကိုယ်ကလေးစား၊ ကိုယ့်ကိုလည်း သူက လေးစား
နေမယ်ဆိုရင် အရာအားလုံးဟာ သင့်တင့်
လျောက်ပတ်စွာနဲ့ ပြည့်စုံနေပါလိမ့်မယ်။
စာဖတ်သူများကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာ
ခရီးကို လျင်မြန်စွာ လျှောက်လှမ်းနိုင်ပါစေလို့
ဆန္ဒပြုလျက်....။

ဆန်နီနေမင်း

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ

၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ...

နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ

လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး

ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်....

၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ

တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား....

ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ...

ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ....

၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ

သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင်

သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ...

ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်....

၎) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ...

ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး

ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်...

၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး... အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ

သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ...

ဒီအနေအထား အတိုင်း စက္ကန့် ၂၀ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး

ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်....

၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး

အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင်ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ...

ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက်

အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး

အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်...

၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့

လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်...

အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့

ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်...

၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး

ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်...

ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့

နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ...

တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး

ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်....

၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ

ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ...

နှခါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက်

ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်...

၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား...

သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်...

vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး

အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်...

၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား...

ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား

ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ...

ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး

အချိန် ၁၀ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်....

၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ

ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်...

အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်...

အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ...

လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်...

brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ

ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ...

ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ

အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်...

ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့်

သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်....

၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ

ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်...

ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်...

လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး

လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်...

သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ

ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်...

ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်....

၁၄) ကြို့ထိုးနေသလား... လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ...

မကြာပါဘူး... ခဏနေရင် ရပ်သွားပါလိမ့်မယ်....

Sunday

မြန်မာ ဂျာနယ် အခမဲ့ ဒေါင်းရန် - Download Myanmar Journals - ( Update Daily )



 မြန်မာ ဂျာနယ်များ အွန်လိုင်း မှ ဒေါင်းလုပ် လုပ်ချင်ပါက

အောက်ပါ website များမှာ သွားရောက် Download လုပ်နိုင်ပါသည် ။

http://myanmardailypost.com/

http://www.myanmarjournaldownload.com/

အသက် ၂၄နှစ်ပြည့် ညီမလေးအတွက်

(၁) ဒီလောကမှာ မိဘတွေပဲ ကိုယ့်အပေါ် ထာဝရကောင်းတယ်ဆိုတဲ့ အမှန်တရားကို ယုံကြည်ထားရမယ်။

သင်၂၄ နှစ်ပြည့်ပြီ။ ငယ်ရွယ်ချိန်မှာ မိဘတွေအပေါ် ဆန့်ကျင်ပုန်ကန်ခဲ့၊ သူတို့စိတ်ပူအောင်လုပ်ခဲ့တာကို မှတ်မိသေးလား။

သင် ၂၄နှစ်ပြည့်ပြီ။ မိဘတွေရဲ့အသက်လည်း ရာစုနှစ်တစ်ဝက်ကျော်တော့မယ်။ သူတို့အပေါ် ကောင်းကောင်းဆက်ဆံဖို့ အချိန်သိပ်မကျန်တော့ပါဘူး။ ဆုံးရှုံးသွားမှ မိုက်မဲဆိုးသွမ်းခဲ့ပါတယ်၊ ကျေးဇူးမဆပ်လိုက်ရဘူးလို့ နောင်တမရပါနဲ့။


(၂) အိမ်ထောင်ပြုတဲ့အသက်အရွယ်ရောက်ပြီဆိုပေမယ့် လောစရာမလိုပါဘူး။

သင့်မှာ ချစ်သူရှိကောင်းရှိလိမ့်မယ်။ သင်နဲ့ သင်ချစ်သူတို့ တစ်သက်လုံးချစ်ကြမယ်လို့ ကတိသစ္စာ ဆိုချင်ဆိုထားကြမယ်။

သင် အခုမှ ၂၄နှစ်ပြည့်တာပါ။ တစ်သက်ဆိုတာ ဘယ်လောက်ရှည်ကြာမယ်မှန်း သင်မသိနိုင်ပါဘူး။ ဘဝဆိုတာ ဖြတ်သန်းပြီးမှ ဖြစ်လာတာပါ။ စိတ်ကူးယဉ်ပြီးမှ ဖြစ်လာတာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုတယ်ဆိုတာ လူနှစ်ယောက်တည်းရဲ့ကိစ္စမဟုတ်ပါဘူး။ မိသားစုနှစ်စုရဲ့ ကိစ္စပါ။ တစ်သက်မှာတစ်ခါဆိုတဲ့ ယုံကြည်မှုကိုလက်ကိုင်ထားပြီး အဲဒီတစ်ခါကို အသင့်တော်ဆုံးလူအတွက် ထားပါ။ လောစရာမလိုပါဘူး။


(၃) ကလေးမဆန်၊ မရူးမိုက်နဲ့တော့

သင် ၂၄နှစ်ပြည့်ပြီ။ တခြားလူအတွက် ဟာသဖြစ်စေမယ့် ရူးရူးမိုက်မိုက်အလုပ်တွေ မလုပ်နဲ့တော့။ ည အိမ်မကပ်တာ၊ လမ်းပေါ်မှာ အော်ကြီးဟစ်ကျယ် ရန်ဖြစ်တာ၊ ကိုယ့်အသက်နဲ့ ခြိမ်းခြောက်တာ၊ ဘာမဟုတ်တဲ့ကိစ္စနဲ့ အော်ဟစ်ငိုယိုတာ၊ ဒါတွေက အသက်၂၄နှစ်မပြည့်ခင် ရူးမိုက်ခဲ့၊ တွေ့ကြုံခဲ့ပြီးတဲ့အရာတွေပါ။ အခု အသက် ၂၄နှစ်ပြည့်တော့ ရင့်ကျက်နားလည်မှုတွေ ရှိသင့်ပါပြီ။ မိန်းကလေးဆိုတာ ဂုဏ်ရှိရှိနဲ့ ဝင့်ကြွားစွာရှင်သန်နေသင့်တယ်။ သူတစ်ပါးအချစ်ကိုရဖို့ ကိုယ့်ကိုယ်ကို သိမ်ငယ်နိမ့်ချနေစရာမလိုပါဘူး။


(၄) အထီးကျန် အဖော်မဲ့လို့ ရည်းစားထားတာမျိုး မဖြစ်စေနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ ကိုယ့်ဘဝကို ကိုယ်တာဝန်ယူတတ်ဖို့ သင်ယူရပါမယ်။


(၅) ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဆီကနေ လက်ဆောင်ရဖို့ မမျှော်လင့်ပါနဲ့။

သင် ၂၄နှစ်ပြည့်ပြီ။ အရင်တုန်းက မြူတူတူဆော့ကစားခဲ့သလိုမျိုး အီစီကလီဆိုတာ မရှိသင့်တော့ဘူး။ ကိုယ်ကြိုက်နှစ်သက်တဲ့အရာကို တခြားသူဝယ်ပေးတာမျိုး၊ တခြားသူဆီကနေ လက်ဆောင်ရဖို့ မျှော်လင့်တာမျိုး မရှိသင့်တော့ဘူး။ ကိုယ့်အားကိုယ်ကိုးသင့်ပါပြီ။ ဝင်ငွေမှာလည်း ကိုယ့်အားကိုယ်ကိုးတဲ့ အခြေခံရှိသင့်ပါပြီ။


(၆) တကယ်လို့ ယောက်ျားတစ်ယောက်က သင်နဲ့ သူမတူမတန်ဘူးလို့ပြောလာခဲ့ရင် သူ့စကားကိုယုံကြည်လိုက်ပါ။

သင်နဲ့ မလိုက်ဖက်ဘူး၊ မတူမတန်ဘူးလို့ ကိုယ့်ကိုယ်ကိုပြောလာတဲ့ ယောက်ျားက သင်နဲ့တစ်သက်လုံးလည်း လိုက်ဖက်မှာမဟုတ်ပါဘူး။ အားထားထိုက်မှာ မဟုတ်ပါဘူး။ တန်ဖိုးထားတယ်ဆိုတာ ခွန်အားနဲ့မဆိုင်ပါဘူး။ ငွေကြေးနဲ့မဆိုင်ပါဘူး။


(၇) ပြတ်သားတဲ့ရည်မှန်းချက်နဲ့ အဲဒီရည်မှန်းချက်အတွက် ကြိုးစားပါ။

သင် ၂၄နှစ်ပြည့်ပြီ။ နိုင်ငံခြားထွက် ကျောင်းဆက်တက်မလား၊ အလုပ်ရှာမလား၊ တစ်ခုခု သင်ယူမလား။ သင် ၂၄နှစ်ပြည့်ပြီ။ လူမှုကွန်ယက်ထဲ သင်ခြေဝင်ဆန့်ဖို့ နီးလာပါပြီ။ အဲဒီအတွက် သင်အဆင်သင့်ဖြစ်နေပြီလား။


(၈) လုပ်မယ်လို့ ဆုံးဖြတ်ထားတဲ့အရာကို ဖြစ်အောင်လုပ်ပါ။ တစ်ခါတလေ ကိုယ့်ကိုယ်ကို စည်းကမ်းတင်းကျပ်သင့်တယ်။ ဆုံးဖြတ်ချက် ခိုင်မာသင့်တယ်။ ကိုယ့်ကိုယ်ကို သနားနေရင်၊ ပျော့ညံ့နေရင် ဘာမှဖြစ်လိမ့်မှာမဟုတ်ဘူး။

သင် ၂၄နှစ်ပြည့်ပြီ။ လက်တွေ့ဘဝကို ရင်ဆိုင်တတ်ရပါတော့မယ်။ ရှောင်လွဲတာမျိုး၊ စိတ်ကူးယဉ်တာမျိုး မရှိသင့်တော့ပါဘူး။


(၉) နာကျင်ထိခိုက်စေခဲ့သူကို ကျေးဇူးတင်ပါ။

အသက် ၂၄နှစ်ပြည့်တဲ့နေ့မှာ သင့်ကိုနာကျင်ထိခိုက်စေခဲ့သူကို လက်ပြနှုတ်ဆက်ပါ။ သူတို့ကို ကျေးဇူးတင်ပါ။ သင်ကြီးပြင်းလာခဲ့ပါပြီ။ ထိခိုက်နာကျင်မှုတချို့ကို တည့်တည့်ရင်ဆိုင်ရပါလိမ့်မယ်။ တချို့ထိခိုက်နာကျင်မှုတွေက သင့်ကို ကောင်းတဲ့သင်ခန်းစာတွေ ပေးပါလိမ့်မယ်။


(၁ဝ) လှည့်ထွက်တာက မျက်ရည်ကျတာထက် မြန်ရမယ်။

သင် ၂၄နှစ်ပြည့်ပြီ။ ဘယ်သူကမှ သင့်ကိုကလေးလို သဘောထားတော့မှာ မဟုတ်ဘူး။ ကိုယ့်အမှားကို ကိုယ်တိုင်တာဝန်ယူတတ်ရပါတော့မယ်။

သင် ၂၄နှစ်ပြည့်ပြီ။ နာကျင်ဝမ်းနည်းမှုတွေ၊ အခက်အခဲတွေကို ခံနိုင်ရည်ရှိဖို့ သင်ကြိုးစားရပါမယ်။ ဒါတွေဟာ ဖြစ်ပြီးရင် ပျက်သွားမယ်အရာတွေပါ။ ငါ သတ္တိရှိရှိလုပ်နိုင်တယ်လို့ ကိုယ့်ကိုယ်ကို အမြဲအားပေးပါ။ တခြားသူရဲ့ရှေ့မှာ ဘယ်တော့မှ မျက်ရည်မကျစေပါနဲ့။ သင့်မျက်ရည်ကို သူတို့မြင်ဖန်များရင် သင်ဟာ ပျော့ညံ့သူဆိုတာ သူတို့အလိုလိုသိသွားပါလိမ့်မယ်။


http://www.360doc.com/content/10/1226/14/2747542_81458290.shtml

နိုင်းနိုင်းစနေ (Tuesday, September 04, 2012)

အမျိုးသမီးများ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု များ

အမျိုးသမီးများ ပြုလုပ်သင့်သော ကျန်းမာရေး စစ်ဆေးမှု များ အမျိုးသမီး တစ်ဦး ကျန်းမာ ပျော်ရွှင် ဖို့ဟာ အချက် များစွာ အပေါ် မူတည်နေ ပါတယ်။ တစ်ခါ တစ်ရံမှာ အမျိုးသမီး တွေဟာ လက်တွဲဖော် နှင့် မိသားစုဝင် တို့ရဲ့ ကျန်းမာရေး ကို အလေးထား အာရုံစိုက် နေရသည့် အတွက် သူတို့ရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့ မေ့လျော့နေတတ်ကြပါ တယ်။ အမျိုးသမီးတိုင်းဟာ ကောင်း မွန်သော ကျန်းမာရေး အလေ့အထ များကို အချိန်ပေးဆောင်ရွက် ရပါမယ်။

ငွေကုန်ကြေးကျ သက်သာသော ကျန်း မာရေးစောင့်ရှောက်မှုနည်းလမ်းများ ဖြစ်တဲ့ ကိုယ်လက်လေ့ကျင့်ခန်း ပုံမှန် လုပ်ခြင်း၊ စိတ်ဖိစီးမှု ဖြေလျော့ခြင်း၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်မှုပုံစံကို လိုက်နာခြင်းတို့ ကို ပြုလုပ်ဆောင်ရွက်ရမည့်အပြင် ဆရာဝန်နှင့် ပုံမှန် စမ်းသပ်မှုခံယူခြင်း၊ ရောဂါရှာဖွေစစ်ဆေးမှုခံယူခြင်းတို့ဟာ လိုက်နာဆောင်ရွက်သင့်တဲ့ ကျန်းမာ ရေး အလေ့အထများ ဖြစ်ပါတယ်။ အမျိုးသမီးများ မည်သည့် အသက် အရွယ်မှာ မည်ကဲ့သို့သော ရောဂါ ရှာဖွေစမ်းသပ်မှုတွေကို ပြုလုပ်သင့် တယ်ဆိုတာ ဗဟုသုတအဖြစ် သိရှိ ထားဖို့ ဖော်ပြလိုက်ရပါတယ်။

(၁) သွေးပေါင်ချိန်တိုင်းခြင်း

အမျိုးသမီးတစ်ယောက်ဟာ အသက် ၁၈ နှစ်အရွယ်ကစလို့ အနည်းဆုံးနှစ်နှစ်လျှင် တစ်ကြိမ် သွေးပေါင်ချိန်တိုင်းတာပြီး သွေးတိုး ရောဂါ ရှိ၊ မရှိကို စစ်ဆေးဖို့ လိုအပ်ပါ တယ်။ ပုံမှန်ရှိသင့်တဲ့ သွေးပေါင်ချိန် ပမာဏဟာ 120/80 mmHg ဆိုတာ အများစုသိရှိထားကြပြီး ဖြစ်မှာပါ။

(၂) သွေးတွင်း ကိုလက်စထရောလ် ပမာဏ စစ်ဆေးခြင်း

အသက် ၂ဝ ခန့်မှ စတင်ပြီး ၅ နှစ်လျှင် တစ်ကြိမ် သွေးတွင်း ကိုလက်စထရောလ်ပမာဏကို တိုင်း တာစစ်ဆေးသင့်ပါတယ်။ အကယ်၍ ဆေးလိပ်သောက်သူ သို့မဟုတ် ကိုယ်အလေးချိန်များနေသူ သို့မဟုတ် ဆီးချိုသွေးချိုရောဂါရှိသူ သို့မဟုတ် သွေးတိုးရောဂါရှိသူ သို့မဟုတ် နှလုံး သွေးကြောဆိုင်ရာ ရောဂါတစ်ခုခုရှိနေ သူ သို့မဟုတ် မိသားစုရာဇဝင်တွင် အသက် ၅ဝ မတိုင်မီ နှလုံးတိုက်ခိုက်ခံ ရဖူးသူရှိလျှင် သွေးတွင်းကိုလက်စထ ရောလ်ကို ပုံမှန်တိုင်းတာရပါမယ်။ (၃)ရင်သား ကင်ဆာ ရှိ၊ မရှိ

အသက် ၂ဝမှ အသက် ၄ဝနှစ် အတွင်း ၃ နှစ်လျှင် တစ်ကြိမ် သို့ မဟုတ် တစ်နှစ်လျှင် တစ်ကြိမ်ကျ ရင်သားဓာတ်မှန်ရိုက်ခြင်း စသည့် ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးစမ်း သပ်မှုများ ခံယူသင့်တယ်လို့ ကျွမ်း ကျင်ပညာရှင်များမှ အကြံပေးထားကြ ပါတယ်။ သင့်ရဲ့အသက်၊ မိသားစုဝင် ရာဇဝင်၊ ကျန်းမာရေးပြဿနာများကို အခြေခံ၍ ဆေးဘက်ဆိုင်ရာ ပညာ ရှင်များက ရင်သားဓာတ်မှန်ရိုက်သင့်၊ မသင့် ဆုံးဖြတ်ပေးနိုင်ပါတယ်။

(၄) သားအိမ်ခေါင်း ကင်ဆာ

အသက် ၂၁ မှ ၆၅ နှစ်အတွင်း သို့မဟုတ် လိင်ဆက်ဆံနေမှု ရှိနေ သည့် ကာလများအတွင်း တစ်နှစ် လျှင် တစ်ကြိမ် သို့မဟုတ် ၃ နှစ် လျှင် တစ်ကြိမ် ဏစှောနမေ စစ်ဆေးခြင်း ခံယူရပါမယ်။ ကင်ဆာ ကြောင့်မဟုတ်ဘဲ သားအိမ်ဖြတ် ထုတ်ထားသူဖြစ်ပါက Pap Smear ခံယူရန် မလိုအပ်တော့ပါ။ (၅) လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါများ

ထိုရောဂါများသည် ကိုယ်ဝန် ဆောင်ရန် ကြိုးစားနေသူများအား အနှောင့်အယှက်ဖြစ်စေနိုင်ပြီး မွေးလာ သော ကလေးငယ်ကိုလည်း ထိခိုက် စေပါတယ်။ အခြားကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေနိုင်သည့် အတွက် အသက် ၂၄ နှစ်အရွယ် သို့မဟုတ် လိင်ဆက်ဆံသည့်အသက် အရွယ်မှစပြီး ထိုရောဂါများ ရှိ၊ မရှိ စစ်ဆေးစမ်းသပ်မှု ခံယူသင့်ပါတယ်။

(၆) အူမကြီးကင်ဆာ

 အသက် ၅ဝ နှစ်အရွယ်မှစ၍ အူမကြီးကင်ဆာ ရှိ၊ မရှိ စစ်ဆေးမှု ခံယူသင့်ပါတယ်။ မိသားစုတွင် အူမ ကြီးကင်ဆာဖြစ်ပွားသူရှိပါက ထို အသက်ထက် စောစီးစွာ စစ်ဆေးမှုခံ ယူရပါမယ်။

(၇) စိတ်ဓာတ်ကျ ရောဂါ

စိတ်ကျန်းမာရေးဟာလည်း ခန္ဓာကိုယ် ကျန်းမာရေးကဲ့သို့ပင် အရေးကြီးပါတယ်။ ကျန်းမာရေးစစ် ဆေးမှုခံယူတော့မည်ဆိုပါက သက် ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းကို စိတ် ဓာတ်ကျရောဂါ ရှိ၊ မရှိ စစ်ဆေးပေး ရန် တောင်းဆိုနိုင်ပါတယ်။ အထူး သဖြင့် သင်ဟာ လွန်ခဲ့တဲ့ နှစ်ပတ် အတွင်း ဝမ်းနည်းပြီး အရာရာဟာ အဓိပ္ပာယ်မရှိ မျှော်လင့်ချက်မဲ့နေတယ် လို့ ခံစားရရင်၊ ဘာလုပ်လုပ် စိတ်မပါ၊ ပျော်ရွှင်မှုမရှိဖြစ်နေတယ်ဆိုရင်ပေါ့။

(၈) ဆီးချို၊ သွေးချို ရောဂါ

သင်ဟာ သွေးတိုးရောဂါရှိနေ လျှင်၊ သွေးပေါင်ချိန်ဟာ 135/ 80 mmHg ထက် များနေလျှင် ဆီးချို သွေးချိုရောဂါရှိ၊ မရှိပါ စစ်ဆေး သင့်ပါတယ်။

(၉) အရိုးပါး၊ အရိုးပွ ရောဂါ

အသက် ၆၅ နှစ်အရွယ်မှစ၍ အရိုးတွေ သန်မာမှု ရှိ၊ မရှိကို စစ်ဆေးမှု ခံယူသင့်ပါတယ်။

(၁ဝ)အ၀လွန်ရောဂါ

ရှိသင့်သည့် ကိုယ်အလေးချိန် ထက် များနေခြင်း ရှိ၊ မရှိဆိုတာကို သိရှိနိုင်တဲ့ အကောင်းဆုံး နည်းလမ်း တစ်ခုကတော့ BMI တွက်ခြင်းပဲဖြစ် ပါတယ်။ ကိုယ်အလေးချိန်များနေခြင်း ဟာ ဆီးချို၊ သွေးချိုရောဂါ၊ နှလုံး သွေးကြောဆိုင်ရာရောဂါများ ဖြစ်ပေါ် လာနိုင်တဲ့ လမ်းစပဲဖြစ်ပါတယ်။

By Health Digest

အရက်လျှော့သောက်ခြင်း အကျိုး ၁၀ ပါး

ဒီစာက အရက်သောက်ဖို့ အားပေးတာမဟုတ်ပါ။ အရက်သောက်ရင် သတ်မှတ်ထားတဲ့ ပမာဏထက် ပိုပြီး မသောက်ရင်တော့ အကျိုးကျေးဇူးတွေ ရနိုင်တဲ့ အကြောင်းပါ။

အမျိုးသမီးတွေအတွက်ဆိုရင် တစ်ပါတ်ကို ၁၄ ယူနစ်၊ အမျိုးသားတွေဆိုရင် ၂၁ ယူနစ် အထိက သင့်တင့်မျှတတဲ့ ပမာဏလို့ ဆိုကြပါတယ်။
အကြမ်းဖျင်းအာဖြင့် ဆိုရရင် အမျိုးသားများက တစ်နေ့ကို ဘီယာ တစ်ပိုင့်ထက်၊ အမျိုးသမီးများက တစ်နေ့ကို ၀ိုင် (ခွက်အလတ်) တစ်ခွက်ထက်ပိုပြီး သောက်ရင် အကောင်းပါဘူး။ အများဆုံးသောက်ရင် တစ်နေ့ကို အမျိုးသားများက ၄ ယူနစ်၊ အမျိုးသမီးများက ၃ ယူနစ်ပါ့။ တခြားနေ့တွေမှာ ပိုပြီး လျှော့ရမှာပေါ

၁)အရက်နည်းနည်းလျှော့သောက်ရင် Diabetes Mellitus ဆီးချိုရောဂါ ဖြစ်နိုင်ခြေ နည်းသွားလိမ့်မယ်။ ဘာဖြစ်လို့ လည်းဆိုတော့ အရက် နည်းနည်းက Insulin အင်ဆူလင်ဓာတ်ကို အလုပ်ပိုလုပ်အောင် အားပေးတယ်။ များများသောက်ရင်တော့ ဆီးချို ပိုဖြစ်တာပေါ့။

၂)အရက်နည်းနည်းလျှော့သောက်ရင် Dementia သူငယ်ပြန်ရောဂါ ဖြစ်နိုင်ခြေ နည်းသွားမယ်။ အရက်နည်းနည်းသောက်တဲ့ သူတွေက Small Infarcts ဦးဏှောက် သွေးကြောငယ်လေးတွေ ပိတ်တာကို တားဆီးစေတယ်။

၃)အရက်နည်းနည်းလျှော့သောက်ရင် မကောင်းတဲ့အဆီ Triglycerol တွေ မတက်တော့ဘူး။ ကောင်းတဲ့ အဆီ HDL တွေကို များစေတယ်။

၎)အရက်နည်းနည်းလျှော့သောက်ရင် Heart Failure နှလုံးအားပျော့အားနည်းရောဂါ ဖြစ်နိုင်ဖြေ နည်းသွားမယ်တာ့။အရက်နည်းနည်းသောက်တာက နှလုံးကို သွေးလျှောက်တာကို အားပေးပါတယ်။

၅)အရက်နည်းနည်းလျှော့သောက်ရင် Hypertension သွေးတိုးတာ လျှော့သွားမယ်။

၆)အရက်နည်းနည်းလျှော့သောက်ရင် Atrial fibrillation နှလုံးခုန်နှုန်းမမှန်တဲ့ ရောဂါဖြစ်ခြင်း နည်းသွားမယ်။

ရ)အရက်နည်းနည်းလျှော့သောက်ရင် Stroke လေဖြတ်တဲ့ရောဂါ ဖြစ်ဖို့လမ်းနည်းသွားနိုင်တယ်။

ဂ)အရက်နည်းနည်းလျှော့သောက်ရင် Gall stones သည်းခြေကျောက်၊ Kidney stones ဆီးကျောက်ရာဂါဖြစ်တာ နည်းသွားမယ်။

၉ )အရက်နည်းနည်းလျှော့သောက်ရင် အရိုးတွေ အားပိုကောင်းလာနိုင်တယ်။ များများသောက်ရင်တော့ အရိုးတွေ ပါးသွားမယ်။

၁၀)အရက်နည်းနည်းလျှော့သောက်ရင် သေချာတာကတော့ Liver အသည်းရဲ့  သက်တမ်းပိုရှည်ပြီး ကားတိုက် ဆိုင်ကယ်တိုက်တာတွေ နည်းသွားမယ်။

အရက်လျှော့သောက်ခြင်းဖြင့် သင့်မိသားစုကို စောင့်ရှောက်နိုင်ပါစေ။

မြန်မာနှလုံးဖောင်ဒေးရှင်း

ပရဟိတ ယဉ်ကျေးမှု

ဒီနေ့က ကျွန်တော်တို့လမ်းမှာလုပ်မယ့် တရားပွဲအတွက် မုခ်ဦးသယ်ရမယ့်နေ့။ ကာလသားခေါင်းဆောင် ကိုအေးကိုကတော့ မိုးမလင်းသေးဘူး “ဟိုလူမနိုးသေးဘူးလား။ ဒီလူမထသေးဘူးလား” နဲ့တက်ကြွနေပါတယ်။ သူကိုယ်တိုင်ကလည်း ဒီနေ့ကားမထွက်ဘဲ နားမည်ဟုပြောထား၍ သူ့ကတော်မသီတာက ပွစိပွစိ လုပ်နေပြီ။ ဟုတ်တယ်လေ ကားမထွက်တော့ ဈေးဖိုးမရတဲ့အပြင် အုံနာခပါ ကိုယ့်အိတ်ထဲကစိုက်ရမှာ မဟုတ်လား။ ဒါကြောင့်လည်း ကျွန်တော်တို့အုပ်စုက “အများအကျိုးဆောင် ကိုယ့်ပုဆိုးပေါင်” ဟု နာမည်ရထားခြင်း ဖြစ်ပါတယ်။ ဒီနေ့လည်း လမ်းထဲက ဆိုက်ကားဆရာတွေ ပုဆိုးပေါင်ရမယ့်နေ့ပါပဲ။

ဟော လက်ဖက်ရည်ဆိုင်ရှင် ကိုစံပေါကတော့ ဦးထုပ်တွေဘာတွေဆောင်း ပုဆိုးတိုတိုပြင်ဝတ်ပြီး ထွက်လာပါပြီခင်ဗျာ။ ဒါကိုမြင်သွားတဲ့ စောမင်းဦးက “ဟာပေါကြီး ကြည့်လည်းလုပ်ပါဦးကွာ၊ အရီးရေ အရီးလူကြီးကတော့ တက်ကြွနေပြီ။ ဒီနှစ်တို့တရားပွဲကတော့ ထူးခြားဦးမယ်ဟေ့” ဟု လှမ်းနောက်နေတယ်။ ကိုစံပေါတင် မကပါဘူး ကွမ်းယာဆိုင်က ကိုတင့်တို့၊ ကိုနိုင်တို့ကလည်း လုပ်အားပေးဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ သိပ်မကြာခင်မှာ ကိုမင်းဆွေ တစ်ယောက်လည်း သူ့စက်ဘီးလေးနှင့် ရောက်လာပါတယ်။ စောမင်းဦးက ‘အရီးရေ လုပ်အားပေးအဖွဲ့အတွက် ဘာချက်ရင်ကောင်းမလဲ’ ဟု ဆိုင်ရှင်ကတော် အရီးကို လှမ်းမေးနေတယ်။ ‘ဘာချက်ရမလဲ ဗိုလ်စောရဲ့ ၀က်သားပဲပေါ့’၊ ‘၀က်သားမစားတဲ့လူတွေပါတယ် အရီးရဲ့’၊ ‘၀က်သားမစားတဲ့ သူတွေအတွက် ကြက်ဥကြော်ပေးမှာပေါ့၊ ပဲကုလားဟင်းလည်း ချက်မယ်လေ’ ‘အရီးသဘောပဲဗျာ၊ အရီးက စပွန်ဆာယူမှာဆိုတော့ သဘောသဘော’၊ ‘ဘာပြောတယ်ဗိုလ်စော’ ဟု အရီးက ခါးထောက်ပြီး ရန်တွေ့မလို့ ပြင်နေသည်။ ဒါနဲ့ ကိုဇန်ကြီးတို့ရော မထကြသေးဘူးလား။ အစောကြီး စက်ထဖွင့်မယ်ဆိုတဲ့ အောင်ကိုမင်းရော။ လက်သမားဆရာ ကိုစိုးမင်းကတော့ နေ့လည် (၁၂) နာရီကျော်မှ သူ့ကိုလာနှိုးပါတဲ့။ ညတုန်းက ဘာတွေလုပ်နေလို့လည်း မသိဘူး။ ဟောဟိုမှာကိုရှည်ကြီး ပါစင်ဂျာပို့ပြီး ပြန်လာပြီ။ အတော်ပဲ။ ဟေ့ ကိုညွန့်ဝင်းတစ်ယောက်ရော၊ လုပ်ကြပါဟ ၀ိုင်းကြပါဟ။ ခေါကြီးရော ကရင်မရေ ညည်းယောက်ျားရော။ စောစောလေးကတင် တွေ့လိုက်ပါတယ်။ ကဲမြန် မြန်လုပ်ကြဟေ့။ နေပူလာရော့မယ်။ မုခ်ဦးက သုနန္ဒာ (၂) လမ်းကနေဖြုတ်ပြီး ဒီကိုသယ်လာရမှာ။ ပြီးရင် ဒီမှာပြန်ဆင်ရဦးမယ်။ ပြီးရင် အလံတိုင်တွေ စိုက်ရဦးမှာနဲ့။ အချိန်မရှိတော့ဘူး။ ဒီနေ့တော့ ဆိုက်ကားနင်းဖို့ လမ်းမမြင်ဘူး။ ဒီနေ့ပါနဲ့ဆို အုံနာခမပေးနိုင်တာ သုံးရက်ရှိပြီ။ ခုရက်ပိုင်း ဆိုက်ကားဆွဲလို့ သိပ်မကောင်းဘူး။ ဒီကြားထဲ သာရေးနာရေးကလည်း ၀င်လုပ်ရသေးတယ်။ ဘယ်တတ်နိုင်မလဲလေ။ ရပ်ကျိုးရွာကျိုးဆိုတော့ တတ်နိုင်သလောက် သယ်ပိုးရမှာပေါ့လေ မဟုတ်ဘူးလား။ ပေါင်စရာ ပုဆိုးရော ကျန်သေးရဲ့လား မသိဘူး။

    သာမန်ပုထုဇဉ် လူသားများပေမို့ တစ်ခါတစ်ရံ စိတ်အခန့်မသင့်တဲ့အခါ ရန်ဖြစ်ကြ၊ စိတ်ဆိုးကြ၊ ငြင်းခုံကြ၊ ဒေါသဖြစ်တတ်ကြပါတယ်။ သို့သော် အချိန်တန်တော့လည်း ပြီးပြီးပျောက်ပျောက်နဲ့ ကိုယ်လုပ်စရာရှိတာ လုပ်ကြတာပါပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရုံနဲ့ပဲ ရပ်ရေးရွာရေး ကိစ္စတွေကို အတူတူပူးပေါင်း ဆောင်ရွက်ကြရတာပဲ မဟုတ်ပါလား။ ဒါသည်ပင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ‘ပရဟိတစိတ်ဓာတ်’ လို့ ပြောလို့ရပါတယ် . . . . .

အဲဒီလိုနဲ့ ကျွန်တော်တို့အုပ်စု မုခ်ဦးသယ်ဖို့အတွက် လှည်းတွန်းကာ သုနန္ဒာ (၂) လမ်းထိပ်သို့ ရောက်လာခဲ့ကြပါတယ်။ မနေ့ညက တရားပွဲပြီးသွားသော ၎င်းလမ်းထိပ်မှာ မုခ်ဦးကိုပြန်ဖြုတ်ချ၊ ထို့နောက် လှည်းပေါ်တင်ကာ ကျွန်တော်တို့ ဣန္ဒာလမ်းထိပ်သို့ သယ်လာခဲ့တယ်။ မုခ်ဦးတိုင်တွေကို လှည်းနဲ့နှစ်ခေါက်၊ မီးတွဲတွေနဲ့ မီးကြိုးတွေကို တစ်ခေါက်သယ်ရတယ်။ တစ်ဖွဲ့ကလမ်း ထိပ်မှာမုခ်ဦးထောင်။ ကျန်တစ်ဖွဲ့က အလံတိုင်ထောင်ဖို့ ဘုတ်တိုင်တွေသွားငှား။ မုခ်ဦးပြီးတော့ ဓမ္မာရုံမှာ အလံနဲ့ဝါးလုံးတွေ သွားယူ၊ လမ်းတစ်လျှောက်ချထားသည့် ဘုတ်တိုင်တွေမှာ အလံချည်ထားသည့် ၀ါးလုံးတွေစိုက်ထူ။ ထို့နောက် အလံတိုင်တစ်လျှောက် မီးလုံးတွေဆင်ဖို့ ပလတ်စတစ်ကြိုးတွေ သွယ်တန်း။ မွန်းတည့် ၁၂ နာရီလောက်မှာ လုပ်စရာအားလုံး ပြီးဆုံးသွားသည်။ လူတွေလည်း ပင်ပန်းနေပြီ။ ၀မ်းဗိုက်ကလည်း သံစုံတီးဝိုင်း မြည်နေပြီ။ ကဲ အရီးရေ ၀က်သားနဲ့ ပဲကုလားဟင်း ကျက်ပြီလားဗျို့။ ပဲကုလားဟင်းနံ့ကတော့ မွှေးနေတာပဲ။ ဟေ့လုပ်ကြပါဟ။ နီကျားတို့ ဟဲဗီးတို့။ တို့စတိုဆောင်ထဲက ပန်းကန်ပြားတွေထုတ်။ အရီးတို့ဆိုင်က စားပွဲတွေခုံတွေ သွားသယ်ကြပါဦး။ ဒီအလှူခံ မဏ္ဍပ်ထဲမှာပဲ စားကြတာပေါ့။ ပန်းကန်ဆေးသူကဆေး။ ခုံခင်းသူကခင်း။ ထမင်းအိုးဟင်းအိုး သယ်သူကသယ်။ အရီးရေ အရီးအိုးသူကြီး ဘယ်ရောက်သွားလဲ။ သြော် အရီးကလည်း ဗိုက်ဆာနေပါပြီဆိုမှ မွေးနေ့ပွဲ သွားနေရတယ်လို့။ ဒံပေါက်မစားဖူးဘူးလား မသိဘူး။ ဒီမှာဟင်းထည့်ပေးဖို့က အရီးရှိမှ ဖြစ်မှာလေ။ မြန်မြန်သွားခေါ်ပါဟ။ ကောင်းတယ်ဟေ့။ ကောင်းတယ်ဟေ့။ ထမင်းကပူ ဟင်းပူရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေးတဲ့။ ငရုတ်သီးထောင်းလည်း ပါသဟေ့ကောင်းကွာ။ လုပ်ပါထည့်ကြပါ။ ကိုဇံကြီးကို ဂရုစိုက်ဟေ့။ သူကသာ လေးနာသုံးတဲ့။ စာဆိုနဲ့အညီစားတာ။ တို့ကိုအေးကိုအတွက် အတို့အမြှုပ်ရော။ အစ်ကိုက တို့စရာပါမှ ထမင်းစားတတ်တာ။ အရီးက အလိုက်သိတယ်။ ဦးအေးကိုအတွက် အဖုတ်တဲ့။ တို့စရာလို့ပြောပါ အရီးရဲ့ တကတည်းမှပဲ။ ဟေ့ပဲဟင်းလိုက်ပွဲ ပန်းကန်ဒီဘက်ချပါဟ။ လုပ်ပါဆွဲစမ်းပါ။ ကိုညွန့်ဝင်း တော်ပြီလား။ သြော်ထမင်းယူမလို့ ထတာကိုး။ မသိပါဘူး တော်ပြီမှတ်လို့ ဆွဲဆွဲဆွဲ ဆရာရေ့။ ကျွန်တော်သည် စားပွဲပေါ်မှ ထမင်းပူပူ ဟင်းပူပူများကို မျက်နှာချင်းဆိုင်ပြီး အားရပါးရ လွေးနေသော လုပ်အားပေးအုပ်စုကိုကြည့်ပြီး ‘ဘာပဲဖြစ်ဖြစ်၊ ငြင်းရင်းခုံရင်း ရန်ဖြစ်ရင်း နောက်ပြောင်ရင်းနဲ့ပဲ အချိန်တန်တော့လည်း ပြီးသွားတာပဲ’ ဟု တွေးနေမိပါသည်။

ဒီနေ့မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ ဘယ်ပရဟိတအဖွဲ့မဆို ကျွန်တော်တို့ အဖွဲ့လိုပဲ နေမှာပါဟု ဆက်တွေးနေမိတယ်။ ‘ပရဟိတလုပ်ငန်း’ မှန်သမျှ အဲဒီလိုပါပဲ။ လူအမျိုးမျိုး စရိုက်အထွေထွေ ဆိုသလို ကျွန်တော်တို့ အုပ်စုသည်လည်း သာမန်ပုထုဇဉ် လူသားများပေမို့ တစ်ခါတစ်ရံ စိတ်အခန့်မသင့်တဲ့အခါ ရန်ဖြစ်ကြ၊ စိတ်ဆိုးကြ၊ ငြင်းခုံကြ၊ ဒေါသဖြစ်တတ်ကြပါတယ်။ သို့သော် အချိန်တန်တော့လည်း ပြီးပြီးပျောက်ပျောက်နဲ့ ကိုယ်လုပ်စရာရှိတာ လုပ်ကြတာပါပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရုံနဲ့ပဲ ရပ်ရေးရွာရေး ကိစ္စတွေကို အတူတူပူးပေါင်း ဆောင်ရွက်ကြရတာပဲ မဟုတ်ပါလား။ ဒါသည်ပင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ‘ပရဟိတစိတ်ဓာတ်’ လို့ ပြောလို့ရပါတယ်။ တစ်နည်း ‘ပရဟိတ ယဉ်ကျေးမှု’ လို့လည်း ပြောလို့ရပါသေးတယ်။ ၎င်းယဉ်ကျေးမှုသည် မြန်မာ့အမျိုးသား စရိုက်လက္ခဏာ စစ်စစ်လည်းဖြစ်ပါသည်။ ဆရာဇော်ဂျီက ထိုစရိုက်လက္ခဏာများ ထွန်းကားစည်ပင်သည့် ရပ်ရွာသည်သာ အလှတရားများ စုဝေးရာ အရပ်ဒေသဖြစ်သည်ဟု ချီးကျူးဂုဏ်ပြုရင်း အောက်ပါအတိုင်း ကဗျာရေးဖွဲ့ခဲ့ပါတယ်။

သူ့အိမ်ငါ့ဝင်း၊ အချင်းချင်းတည့်
သူ့ဝင်းငါ့အိမ်၊ အကြိမ်ကြိမ်တည့်
သူ့အိမ်ကိစ္စ၊ ငါ့အိမ်ကတည့်
ငါ့ဝင်းကိစ္စ၊ သူ့ဝင်းကတည့်
ထိုမှရွာမှု၊ အရပ်မှုကို
ပေါင်းစုတိုင်ပင်၊ လုပ်ငန်းတွင်သည်
ခင်မင်လွတ်လပ် ထိုအရပ်။

Written by: မောင်ကြည် ( WeeklyEleven )

Written by: 
မောင်ကြည်
ဒီနေ့က ကျွန်တော်တို့လမ်းမှာလုပ်မယ့် တရားပွဲအတွက် မုခ်ဦးသယ်ရမယ့်နေ့။ ကာလသားခေါင်းဆောင် ကိုအေးကိုကတော့ မိုးမလင်းသေးဘူး “ဟိုလူမနိုးသေးဘူးလား။ ဒီလူမထသေးဘူးလား” နဲ့တက်ကြွနေပါတယ်။ သူကိုယ်တိုင်ကလည်း ဒီနေ့ကားမထွက်ဘဲ နားမည်ဟုပြောထား၍ သူ့ကတော်မသီတာက ပွစိပွစိ လုပ်နေပြီ။ ဟုတ်တယ်လေ ကားမထွက်တော့ ဈေးဖိုးမရတဲ့အပြင် အုံနာခပါ ကိုယ့်အိတ်ထဲကစိုက်ရမှာ မဟုတ်လား။ ဒါကြောင့်လည်း ကျွန်တော်တို့အုပ်စုက “အများအကျိုးဆောင် ကိုယ့်ပုဆိုးပေါင်” ဟု နာမည်ရထားခြင်း ဖြစ်ပါတယ်။ ဒီနေ့လည်း လမ်းထဲက ဆိုက်ကားဆရာတွေ ပုဆိုးပေါင်ရမယ့်နေ့ပါပဲ။
ဟော လက်ဖက်ရည်ဆိုင်ရှင် ကိုစံပေါကတော့ ဦးထုပ်တွေဘာတွေဆောင်း ပုဆိုးတိုတိုပြင်ဝတ်ပြီး ထွက်လာပါပြီခင်ဗျာ။ ဒါကိုမြင်သွားတဲ့ စောမင်းဦးက “ဟာပေါကြီး ကြည့်လည်းလုပ်ပါဦးကွာ၊ အရီးရေ အရီးလူကြီးကတော့ တက်ကြွနေပြီ။ ဒီနှစ်တို့တရားပွဲကတော့ ထူးခြားဦးမယ်ဟေ့” ဟု လှမ်းနောက်နေတယ်။ ကိုစံပေါတင် မကပါဘူး ကွမ်းယာဆိုင်က ကိုတင့်တို့၊ ကိုနိုင်တို့ကလည်း လုပ်အားပေးဖို့ အဆင်သင့် ဖြစ်နေကြပါပြီ။ သိပ်မကြာခင်မှာ ကိုမင်းဆွေ တစ်ယောက်လည်း သူ့စက်ဘီးလေးနှင့် ရောက်လာပါတယ်။ စောမင်းဦးက ‘အရီးရေ လုပ်အားပေးအဖွဲ့အတွက် ဘာချက်ရင်ကောင်းမလဲ’ ဟု ဆိုင်ရှင်ကတော် အရီးကို လှမ်းမေးနေတယ်။ ‘ဘာချက်ရမလဲ ဗိုလ်စောရဲ့ ၀က်သားပဲပေါ့’၊ ‘၀က်သားမစားတဲ့လူတွေပါတယ် အရီးရဲ့’၊ ‘၀က်သားမစားတဲ့ သူတွေအတွက် ကြက်ဥကြော်ပေးမှာပေါ့၊ ပဲကုလားဟင်းလည်း ချက်မယ်လေ’ ‘အရီးသဘောပဲဗျာ၊ အရီးက စပွန်ဆာယူမှာဆိုတော့ သဘောသဘော’၊ ‘ဘာပြောတယ်ဗိုလ်စော’ ဟု အရီးက ခါးထောက်ပြီး ရန်တွေ့မလို့ ပြင်နေသည်။ ဒါနဲ့ ကိုဇန်ကြီးတို့ရော မထကြသေးဘူးလား။ အစောကြီး စက်ထဖွင့်မယ်ဆိုတဲ့ အောင်ကိုမင်းရော။ လက်သမားဆရာ ကိုစိုးမင်းကတော့ နေ့လည် (၁၂) နာရီကျော်မှ သူ့ကိုလာနှိုးပါတဲ့။ ညတုန်းက ဘာတွေလုပ်နေလို့လည်း မသိဘူး။ ဟောဟိုမှာကိုရှည်ကြီး ပါစင်ဂျာပို့ပြီး ပြန်လာပြီ။ အတော်ပဲ။ ဟေ့ ကိုညွန့်ဝင်းတစ်ယောက်ရော၊ လုပ်ကြပါဟ ၀ိုင်းကြပါဟ။ ခေါကြီးရော ကရင်မရေ ညည်းယောက်ျားရော။ စောစောလေးကတင် တွေ့လိုက်ပါတယ်။ ကဲမြန် မြန်လုပ်ကြဟေ့။ နေပူလာရော့မယ်။ မုခ်ဦးက သုနန္ဒာ (၂) လမ်းကနေဖြုတ်ပြီး ဒီကိုသယ်လာရမှာ။ ပြီးရင် ဒီမှာပြန်ဆင်ရဦးမယ်။ ပြီးရင် အလံတိုင်တွေ စိုက်ရဦးမှာနဲ့။ အချိန်မရှိတော့ဘူး။ ဒီနေ့တော့ ဆိုက်ကားနင်းဖို့ လမ်းမမြင်ဘူး။ ဒီနေ့ပါနဲ့ဆို အုံနာခမပေးနိုင်တာ သုံးရက်ရှိပြီ။ ခုရက်ပိုင်း ဆိုက်ကားဆွဲလို့ သိပ်မကောင်းဘူး။ ဒီကြားထဲ သာရေးနာရေးကလည်း ၀င်လုပ်ရသေးတယ်။ ဘယ်တတ်နိုင်မလဲလေ။ ရပ်ကျိုးရွာကျိုးဆိုတော့ တတ်နိုင်သလောက် သယ်ပိုးရမှာပေါ့လေ မဟုတ်ဘူးလား။ ပေါင်စရာ ပုဆိုးရော ကျန်သေးရဲ့လား မသိဘူး။
သာမန်ပုထုဇဉ် လူသားများပေမို့ တစ်ခါတစ်ရံ စိတ်အခန့်မသင့်တဲ့အခါ ရန်ဖြစ်ကြ၊ စိတ်ဆိုးကြ၊ ငြင်းခုံကြ၊ ဒေါသဖြစ်တတ်ကြပါတယ်။ သို့သော် အချိန်တန်တော့လည်း ပြီးပြီးပျောက်ပျောက်နဲ့ ကိုယ်လုပ်စရာရှိတာ လုပ်ကြတာပါပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရုံနဲ့ပဲ ရပ်ရေးရွာရေး ကိစ္စတွေကို အတူတူပူးပေါင်း ဆောင်ရွက်ကြရတာပဲ မဟုတ်ပါလား။ ဒါသည်ပင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ‘ပရဟိတစိတ်ဓာတ်’ လို့ ပြောလို့ရပါတယ် . . . . .
အဲဒီလိုနဲ့ ကျွန်တော်တို့အုပ်စု မုခ်ဦးသယ်ဖို့အတွက် လှည်းတွန်းကာ သုနန္ဒာ (၂) လမ်းထိပ်သို့ ရောက်လာခဲ့ကြပါတယ်။ မနေ့ညက တရားပွဲပြီးသွားသော ၎င်းလမ်းထိပ်မှာ မုခ်ဦးကိုပြန်ဖြုတ်ချ၊ ထို့နောက် လှည်းပေါ်တင်ကာ ကျွန်တော်တို့ ဣန္ဒာလမ်းထိပ်သို့ သယ်လာခဲ့တယ်။ မုခ်ဦးတိုင်တွေကို လှည်းနဲ့နှစ်ခေါက်၊ မီးတွဲတွေနဲ့ မီးကြိုးတွေကို တစ်ခေါက်သယ်ရတယ်။ တစ်ဖွဲ့ကလမ်း ထိပ်မှာမုခ်ဦးထောင်။ ကျန်တစ်ဖွဲ့က အလံတိုင်ထောင်ဖို့ ဘုတ်တိုင်တွေသွားငှား။ မုခ်ဦးပြီးတော့ ဓမ္မာရုံမှာ အလံနဲ့ဝါးလုံးတွေ သွားယူ၊ လမ်းတစ်လျှောက်ချထားသည့် ဘုတ်တိုင်တွေမှာ အလံချည်ထားသည့် ၀ါးလုံးတွေစိုက်ထူ။ ထို့နောက် အလံတိုင်တစ်လျှောက် မီးလုံးတွေဆင်ဖို့ ပလတ်စတစ်ကြိုးတွေ သွယ်တန်း။ မွန်းတည့် ၁၂ နာရီလောက်မှာ လုပ်စရာအားလုံး ပြီးဆုံးသွားသည်။ လူတွေလည်း ပင်ပန်းနေပြီ။ ၀မ်းဗိုက်ကလည်း သံစုံတီးဝိုင်း မြည်နေပြီ။ ကဲ အရီးရေ ၀က်သားနဲ့ ပဲကုလားဟင်း ကျက်ပြီလားဗျို့။ ပဲကုလားဟင်းနံ့ကတော့ မွှေးနေတာပဲ။ ဟေ့လုပ်ကြပါဟ။ နီကျားတို့ ဟဲဗီးတို့။ တို့စတိုဆောင်ထဲက ပန်းကန်ပြားတွေထုတ်။ အရီးတို့ဆိုင်က စားပွဲတွေခုံတွေ သွားသယ်ကြပါဦး။ ဒီအလှူခံ မဏ္ဍပ်ထဲမှာပဲ စားကြတာပေါ့။ ပန်းကန်ဆေးသူကဆေး။ ခုံခင်းသူကခင်း။ ထမင်းအိုးဟင်းအိုး သယ်သူကသယ်။ အရီးရေ အရီးအိုးသူကြီး ဘယ်ရောက်သွားလဲ။ သြော် အရီးကလည်း ဗိုက်ဆာနေပါပြီဆိုမှ မွေးနေ့ပွဲ သွားနေရတယ်လို့။ ဒံပေါက်မစားဖူးဘူးလား မသိဘူး။ ဒီမှာဟင်းထည့်ပေးဖို့က အရီးရှိမှ ဖြစ်မှာလေ။ မြန်မြန်သွားခေါ်ပါဟ။ ကောင်းတယ်ဟေ့။ ကောင်းတယ်ဟေ့။ ထမင်းကပူ ဟင်းပူရှူရှူသာ ရှမ်းငရုတ်ကယ်နှင့်လေးတဲ့။ ငရုတ်သီးထောင်းလည်း ပါသဟေ့ကောင်းကွာ။ လုပ်ပါထည့်ကြပါ။ ကိုဇံကြီးကို ဂရုစိုက်ဟေ့။ သူကသာ လေးနာသုံးတဲ့။ စာဆိုနဲ့အညီစားတာ။ တို့ကိုအေးကိုအတွက် အတို့အမြှုပ်ရော။ အစ်ကိုက တို့စရာပါမှ ထမင်းစားတတ်တာ။ အရီးက အလိုက်သိတယ်။ ဦးအေးကိုအတွက် အဖုတ်တဲ့။ တို့စရာလို့ပြောပါ အရီးရဲ့ တကတည်းမှပဲ။ ဟေ့ပဲဟင်းလိုက်ပွဲ ပန်းကန်ဒီဘက်ချပါဟ။ လုပ်ပါဆွဲစမ်းပါ။ ကိုညွန့်ဝင်း တော်ပြီလား။ သြော်ထမင်းယူမလို့ ထတာကိုး။ မသိပါဘူး တော်ပြီမှတ်လို့ ဆွဲဆွဲဆွဲ ဆရာရေ့။ ကျွန်တော်သည် စားပွဲပေါ်မှ ထမင်းပူပူ ဟင်းပူပူများကို မျက်နှာချင်းဆိုင်ပြီး အားရပါးရ လွေးနေသော လုပ်အားပေးအုပ်စုကိုကြည့်ပြီး ‘ဘာပဲဖြစ်ဖြစ်၊ ငြင်းရင်းခုံရင်း ရန်ဖြစ်ရင်း နောက်ပြောင်ရင်းနဲ့ပဲ အချိန်တန်တော့လည်း ပြီးသွားတာပဲ’ ဟု တွေးနေမိပါသည်။
ဒီနေ့မြန်မာပြည် အရပ်ရပ်မှာရှိတဲ့ ဘယ်ပရဟိတအဖွဲ့မဆို ကျွန်တော်တို့ အဖွဲ့လိုပဲ နေမှာပါဟု ဆက်တွေးနေမိတယ်။ ‘ပရဟိတလုပ်ငန်း’ မှန်သမျှ အဲဒီလိုပါပဲ။ လူအမျိုးမျိုး စရိုက်အထွေထွေ ဆိုသလို ကျွန်တော်တို့ အုပ်စုသည်လည်း သာမန်ပုထုဇဉ် လူသားများပေမို့ တစ်ခါတစ်ရံ စိတ်အခန့်မသင့်တဲ့အခါ ရန်ဖြစ်ကြ၊ စိတ်ဆိုးကြ၊ ငြင်းခုံကြ၊ ဒေါသဖြစ်တတ်ကြပါတယ်။ သို့သော် အချိန်တန်တော့လည်း ပြီးပြီးပျောက်ပျောက်နဲ့ ကိုယ်လုပ်စရာရှိတာ လုပ်ကြတာပါပဲ။ ရန်ဖြစ်လိုက် ပြန်ချစ်လိုက်ရုံနဲ့ပဲ ရပ်ရေးရွာရေး ကိစ္စတွေကို အတူတူပူးပေါင်း ဆောင်ရွက်ကြရတာပဲ မဟုတ်ပါလား။ ဒါသည်ပင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ‘ပရဟိတစိတ်ဓာတ်’ လို့ ပြောလို့ရပါတယ်။ တစ်နည်း ‘ပရဟိတ ယဉ်ကျေးမှု’ လို့လည်း ပြောလို့ရပါသေးတယ်။ ၎င်းယဉ်ကျေးမှုသည် မြန်မာ့အမျိုးသား စရိုက်လက္ခဏာ စစ်စစ်လည်းဖြစ်ပါသည်။ ဆရာဇော်ဂျီက ထိုစရိုက်လက္ခဏာများ ထွန်းကားစည်ပင်သည့် ရပ်ရွာသည်သာ အလှတရားများ စုဝေးရာ အရပ်ဒေသဖြစ်သည်ဟု ချီးကျူးဂုဏ်ပြုရင်း အောက်ပါအတိုင်း ကဗျာရေးဖွဲ့ခဲ့ပါတယ်။
သူ့အိမ်ငါ့ဝင်း၊ အချင်းချင်းတည့်
သူ့ဝင်းငါ့အိမ်၊ အကြိမ်ကြိမ်တည့်
သူ့အိမ်ကိစ္စ၊ ငါ့အိမ်ကတည့်
ငါ့ဝင်းကိစ္စ၊ သူ့ဝင်းကတည့်
ထိုမှရွာမှု၊ အရပ်မှုကို
ပေါင်းစုတိုင်ပင်၊ လုပ်ငန်းတွင်သည်
ခင်မင်လွတ်လပ် ထိုအရပ်။
- See more at: http://www.news-eleven.com/opinion/%E1%80%95%E1%80%9B%E1%80%9F%E1%80%AD%E1%80%90-%E1%80%9A%E1%80%A5%E1%80%B9%E1%80%B1%E1%80%80%E1%80%BA%E1%80%B8%E1%80%99%E1%82%88#sthash.huXeZQai.dpuf

About Myanmar -မြန်မာ့ အကြောင်း

မြန်မာ တစ်ယောက် အနေနဲ့ 

မြန်မာ နိုင်ငံ အကြောင်း ကို အွန်လိုင်းက နေ သိချင် ဖတ်ချင်ရင် ဖြင့်

ဗမာလို ဖတ်ချင်ရင်  http://my.wikipedia.org/wiki/Burma

ကို သွားရောက် ဖတ်ပါ ၊၊


ဒါမှ မဟုတ် English လို ဖတ်ချင်ရင်

http://en.wikipedia.org/wiki/Burma   

ကို သွားရောက် ဖတ်ရှု နိုင်ပါသည် ၊၊


Feature (Middle)