Friday

Financial IQ အကြောင်း

10:15 AM


နဲနဲ ရ နဲနဲသုံး၊ များများရ များများသုံးပြီး ငွေကြေး နဲ့ အမြဲ နပန်းလုံးနေရ တဲ့ လူတွေ အကြောင်း(ကိုယ်ရော၊သူများရောပေါ့)စဉ်းစားမိရင်..တခါတလေ တွေးမိတယ်....ငယ်ငယ်က သင်ရတဲ့ ဘာသာရပ် တွေထဲမှာ ငွေကိုလက်တွေ့စီမံခန့် ခွဲတဲ့ ဘာသာရပ် ဘာလို့ ထဲ့မသင်ရတာလဲ..လို့ ။ ကျနော်တို့ သင်ခဲ့ ရတဲ့ ..ပထ၀ီတို့၊သမိုင်းတို့ ၊ရူပ၊ဓာတု တို့ ဆိုတာလူ့ ဘ၀တလျှောက်မှာ အမြဲ သုံးရတာမှ မဟုတ်ဘဲ။ ငွေကြေးစီမံခန့်ခွဲ တယ်ဆိုတာကတော့ အမြဲ လို လို သုံးနေရတာ။အနဲဆုံး တလတခါ(လခထုတ် ရက်)တော့ သူ့ အကြောင်းစဉ်းစားရတာပဲ။ ဘယ်ဟာတွေ ဘယ်လောက်ကုန်မလဲ။ ဘယ်ဟာတွေတော့ ချွေတာမလဲ.. အစရှိသဖြင့်ပေါ့။
Robert T. Kiyosaki ကလဲ ဒီလို ပဲ အကြံပြုတယ်..။ဒီ ငွေကြေးသုံးစွဲမှု ဘာသာရပ် ကို ငယ်ငယ်ထဲ က ထဲ့ သင်ရမှာတဲ့။ သူ့ ကို တော့ တော်တော်များများ သိကြမယ်ထင်ပါတယ်။”Rich Dad, Poor Dad” (ချမ်းသာဖေဖေ၊ဆင်းရဲ ဖေဖေ) ဆို တဲ့ စာအုပ်နဲ့ ကမ္ဘာ ကျော် ခဲ့တဲ့သူပေါ့ ။့ ။(၀င်ငွေဘယ်လောက်ပဲရှိရှိ) ငွေကြေးကို စီမံခန့်ခွဲ နိုင်တဲ့အပေါ်မူတည်ပြီး တက္ကသိုလ်ပါမောက္ခ၊ဆင်းရဲတဲ့ အဖေ(Poor Dad)လို ငွေကြေးအတွက် အမြဲ စိတ်ပူနေရတဲ့သူဖြစ်မလား၊ သာမာန် ဘွဲ့ ရ ဖြစ်ပေမယ့် ချမ်းသာတဲ့အဖေ(Rich Dad) လို ငွေကြေးအတွက်စိတ်အေးရတဲ့သူဖြစ်မလား..ဆို တာ ကွဲပြား သွား ပါလိမ့်မယ်တဲ့။
သူရေးတဲ “့Increase your Financial IQ”(သင့် ရဲ့ ငွေကြေးစီမံခန့်ခွဲ နိုင်စွမ်း IQ ကို တိုးတက်အောင် လုပ်ပါ) ဆို တဲ့ စာအုပ် ထဲ မှာ ငွေကို စီမံခန့်ခွဲ တဲ့  အဆင့် ၅ ဆင့် ကို ပြောပြထားပါတယ်။(တကယ်တော့ ကျနော်တို့ သိနေတဲ့ အချက်တွေပါပဲ။မကျင့် သုံး ဖြစ် လို့ သာ။)
(၁)Making more money; ငွေ ပို ရအောင် ရှာပါ။
(၂)Protect your money; ရှာလို့ ရ တဲ့ ငွေ ကို ထိန်းသိမ်းစောင့်ရှောက်ပါ။
(ကျနော် တို့ ငွေ လေးနဲ နဲ ရှိရင် ဟို သုံးချင်။ဒီသုံးချင် ဖြစ်တဲ့ စိတ်ကိုလဲထိန်းသိမ်းဖို့ ။)
(၃) Budgeting your money;ငွေကို ဘတ်ဂျက်နဲ့  စနစ်တကျစီမံခန့် ခွဲ သုံးပါ။
(၄) Leveraging your money;ငွေကို တိုးပွားအောင် လုပ်ပါ။
(သူက.. စုမိတဲ့ ငွေ၊ပိုတဲ့ ငွေ နဲ့ စီးပွားရေး၊ဒါမှမဟုတ်..ရင်းနှီးမြှုတ်နှံမှုတခု ခု လုပ် ဖို့ အကြံပြုပါတယ်။ငွေ က နေငွေ ပြန် ရှာ စေချင်တာပါ။)
(၅)Improve your financial information; ငွေကြေးဆိုင်ရာဗဟုသုတပညာတွေ၊သတင်းအချက်အလက်တွေ ပို သိအောင်၊ပိုရအောင်လုပ်ပါ..တဲ့ ။
ကျနော်တွေးမိတာက..အရင်တခါ ပြောခဲ့ တဲ့ IQ တွေထဲ မှာAnalytical IQ (ခွဲခြမ်းစိတ်ဖြာတဲ့ IQ) မြင့်သူတွေ က ပညာရှင် တွေဖြစ်သွားပြီးFinancial IQ (ငွေကြေးစီမံခန့် ခွဲတဲ့ IQ) မြင့်တဲ့ သူတွေ က လုပ်ငန်းရှင်တွေ ဖြစ်သွားသလား..လို့။
Robert T. Kiyosaki ကပြောတယ်။ Financial IQ (ငွေကြေးစီမံခန့်ခွဲတဲ့ IQ) က လဲ လေ့ကျင့်ယူရင် ရပါတယ်….တဲ့။ ကဲ….ကျနော်တို့ အဆင့်  ၅ ဆင့်ထဲ က ဘယ်အဆင့်မှာအားနဲသလဲ။ Financial IQ အားကောင်း အောင် လေ့ကျင့် ကြည့် ကြရ အောင်။
အားလုံး ပျော်ရွှင်အောင်မြင်ကြပါစေ..
ဒေါက်တာအောင်မျိုး

0 comments:

Post a Comment