Friday
Filled Under:
Opinion
လာဘ်စားမှုနဲ့ပက်သက်တဲ့ ဒီမိုကရေစီ အတွေ့အကြုံများ
10:00 AM
၁။ အစိုးရရဲ့ပါဝါကို စွန့်ပစ်ပါ။ အချို့ကဏ္ဍမှာ အစိုးရမပါပဲလုပ်လို့ရတယ်
ဆိုရင် ပြတ်ပြတ်သားသားစွန့်ပစ်လိုက်ပါ။
ဥပမာ - စက်မှုဝန်ကြီးဌာန ။
နိုင်ငံရဲ့ငွေကြေးအရင်းမြစ် အများကြီးသုံးစွဲပြီး နောက်ဆုံး ဘာမှအမြတ်
မရပဲ ဘတ်ဂျက်ကနေတောက်လျှောက်ထောက်ပံ့နေတဲ့ ဌာနမျိုးပေါ့။ ရှိသမျှစက်ရုံကို အပြီးရောင်းရင်လည်းရောင်း ၊ ရှယ်ယာပါဝင်ပြီးအများပိုင်
ကုမ္ပဏီလုပ်ရင်လည်းလုပ် ၊ ပါဝါမရှိတော့ရင် လာဘ်စားမှုမရှိတော့တဲ့ သဘောပဲ။
၂။ အာဏာလျော့နည်းလို့ရသလောက် လျှော့ချပါ။
ဥပမာ -စိုက်ပျိုး မွေးမြူရေး ဝန်ကြီးဌာန
သူတို့လုပ်သင့်တာက တောင်သူလယ်သမားအတွက် ဝန်ဆောင်မှု
ပေးတာ သီးသန့်ပဲ ။ နည်းပညာပံ့ပိုးတယ်၊ အခြားပုဂ္ဂလိကမလုပ်နိုင်တဲ့ စိုက်ပျိုးဆည်တည်ဆောက်ရေးလုပ်ငန်း ၊စက်ပစ္စည်းဝန်ဆောင်မှုလုပ်ငန်း စသဖြင့် ဝန်ဆောင်မှုလုပ်ငန်းသီးသန့် ။ဝန်ဆောင်မှုဖြစ်သွားခဲ့ရင် လာဘ်
စားလို့မရဘူး။
၃။ မဖြစ်မနေရှိရမယ့်အာဏာဆိုရင် စာရင်းစစ်
ကောင်းမွန်တဲ့သတင်းထောက်၊တကယ်ထိရောက်တဲ့ ဥပဒေနဲ့အရေးယူ
မှု စသဖြင့်နည်းပေါင်းစုံနဲ့ ဒီအာဏာကိုထိန်းချုပ်ပါ။ လက်ရှိအခြေအနေမှာ ကျွန်တော်တို့ စတုတ္ထမဏ္ဍိုင်က တာဝန်မကျေတဲ့သဘောရှိတယ်၊
သို့မဟုတ် ခိုင်မာတဲ့အထောက်အထား တင်ပြပြီးတာတောင် အစိုးရ
ခေါင်းဆောင် ဂရုမစိုက် အရေးမယူဘူးဆိုရင် ခေါင်းဆောင်က တာဝန်
မကျေဘူး။
၎။ တဖြည်းဖြည်း အစိုးရက နိုင်ငံရဲ့ဝန်ဆောင်မှုပေးတဲ့အဖွဲ့ဖြစ်လာတဲ့
အချိန် အစိုးရဝန်ထမ်း ၊ စစ်တပ် တို့ကို ထက်ဝက်မကလျှော့ချရမယ်။
သူတို့အုပ်စုများပြီး ဆင်းရဲတဲ့အခြေအနေ မပျောက်မချင် လာဘ်စား
မှုမပျောက်နိုင်ဘူး။ ဒီလိုလျှော့ချပြီး ကျန်တဲ့သူတွေ ဝင်ငွေအဆနဲ့ချီတက်
ပြီး လူနေမှုဘဝအေးအေးဆေးဆေးဖြစ်မှသာ လာဘ်စားမှုရဲ့ အရင်းမြစ်
ပျောက်နိုင်တယ်။
၅။ နည်းစနစ်သုံးပြီး ဒီကိစ္စပပျောက်ဖို့ နည်းလမ်းအများကြီးရှိပါသေးတယ်။ အတွေ့အကြုံယူစရာလည်း အများကြီးရှိသေးတယ်။လက်ရှိပြည်သူဘက်က မီဒီယာဘက်က အသံထွက်လာတာက ဒီလိုအတွေ့အကြုံထဲမှာရှာမတွေ့ပါ။
စိတ်ရင်းစေတနာနဲ့ လူမျိုးရေးအစွဲနဲ့ ကလေးတွေလို လူကောင်းလူဆိုး
ခွဲခြားပြီး အရှက်တရားနဲ့ ဒီကိစ္စပပျောက်အောင်ကြိုးစားတယ်ဆိုတာ အောင်မြင်ခဲ့တဲ့ နမူနာမရှိပါဘူး။
နောက်တခုပြောချင်တာက အခွင့်အာဏာ သုံးခဲ့တဲ့အုပ်စုများပြီး အင်အား
တောင့်တင်းတဲ့အချိန်မှာ ဒီကိစ္စကို စိတ်ကူးယဉ်ဆန္ဒနဲ့  လောလုပ်လို့မရဘူး။
တစ်ကဏ္ဍပြီး တစ်ကဏ္ဍ ၊ တဆင့်ပြီး တဆင့် အပေါ်မှာဖော်ပြခဲ့သလို သေချာစီစစ်ဆောင်ရွက်မှသာ ပြည်သူလူထု ဂရုအစိုက်ဆုံး ဒီလာဘ်စားတဲ့
ပြဿနာက တဖြည်းဖြည်းပျောက်သွားမှာပါ။
(ဓါတ်ပုံ၊အခုတရုတ်မှာ သူရဲကောင်းဖြစ်နေတဲ့
လာဘ်စားမှုတိုက်ဖျက်ရေးခေါင်းဆောင် Mr. Wang Qishang)
credit to Myawady News
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment